
တိုင်ဖုန်းမုန်တိုင်း ဖန်ဝေါင်ကြောင့် ထိုင်ဝမ်နိုင်ငံမှာ ရေကြီးရေလျှံဖြစ်ပြီး လူပေါင်း ၈,၃၀၀ ကျော် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။
တိုင်ဖုန်းဖန်ဝေါင်ဟာ ထိုင်ဝမ်ကို ရောက်တဲ့အချိန် အားပျော့ခဲ့ပေမဲ့ အရှေ့ကမ်းခြေမှာ မိုးသည်းခဲ့ပြီး ရေကြီးမှုတွေလည်း ဖြစ်တာကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။
မုန်တိုင်းကြောင့် လူ ၅၁ ယောက် ဒဏ်ရာရခဲ့ပြီး တောင်ပိုင်းမှာရှိတဲ့ အလုပ်တွေ ကျောင်းတွေ ပိတ်ထားခဲ့ရပါတယ်။
ရုပ်သံဖော်ပြချက်တွေအရ ယီလန်ရဲ့ အရှေ့ပိုင်း တောဒေသတွေမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေတာတွေ့ရပြီး သောင်တင်ပြီးကျန်တဲ့သူတွေကို စစ်သားတွေက လည်ပင်းလောက်မြုပ်တဲ့ရေထဲကိုဖြတ်ပြီး ကယ်တင်ခဲ့ရပါတယ်။
တံငါးသည်တယောက်က “ရေတက်တာအရမ်းမြန်ပါတယ်။ မိုးကလည်း အရမ်းကောင်းတယ်။ ရွာတဲ့မိုးတွေကို ရေမြောင်းတွေက ချက်ချင်းပြန်ပြီး မထုတ်နိုင်တာကြောင့် ရေကြီးတာပါ”လို့ ပြောပါတယ်။
ရေကြီးမှုကြောင့် အိမ်တွေထဲမှာ ရွှံတွေ တင်ကျန်ခဲ့တာတွေ့ရပါတယ်။ ယီလန်နဲ့ အနီးအနားမှာရှိတဲ့ ဟွာလန့်တို့ရှိ ဒေသခံ ၈,၃၀၀ ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ယီလန်မှာ အင်္ဂါနေ့က မိုးရေချိန် ၇၉၄ မီလီမီတာအထိ ရွာသွန်းတယ်လို့ မိုးလေဝသက ကြေညာပါတယ်။
ဖန်ဝေါင်မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၂၇ ယောက် သေဆုံးခဲ့ပြီး ထိုင်ဝမ်ကို ရောက်လာတာဖြစ်ပါတယ်။
ဟွာလန့်ဒေသကို စက်တင်ဘာ လတုန်းက တိုင်ဖုန်းမုန်တိုင်းဝင်ရောက်ခဲ့ဖူးပြီး ရေကြီးမှုကြောင့်လူ ၁၈ ယောက် သေဆုံးခဲ့ပါတယ်။
Source:Reuters


