
ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းနဲ့ ပတ်သက်ပြီး မစဉ်းစားချင်သေးဘူးလို့ လီဗာပူးနည်းပြ အာနဲစလော့က ပြောသွားပါတယ်။
မန်စီးတီးကို ၃ ဂိုး ဂိုးမရှိနဲ့အရေးနိမ့်ပြီးနောက် အသင်းရဲ့ ချန်ပီယံဆုဖလား ကာကွယ်နိုင်ရေးအ လားအလားအပေါ် နည်းပြအာနဲစလော့က မစဉ်းစားချင်သေးကြောင်း ပြောသွားတာပါ။
လီဗာပူးဟာ နောက်ဆုံးပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ပွဲ ရူံးနိမ့်ခဲ့တာကြောင့် အဆင့် ၁ က အာဆင်နယ် နဲ့ ၈ မှတ်အထိ ကွာဟသွားခဲ့တာပါ။
ချန်ပီယံပြေးလမ်းနဲ့ ပတ်သက်လို့ မစဉ်းစားချင်တာကြောင့် လက်ရှိအချိန်က နောက်ဆုံးအကြိမ် ပြောတာဖြစ်ပြီး ရလဒ်ကောင်းရဖို့ အရင်ဦးစွာပစ်မှတ်ထားရမှာဖြစ်ကြောင်း နည်းပြ စလော့က ပြောပါတယ်။
ချန်ပီယံပြေးလမ်းအကြောင်းမပြောခင် မိမိအသင်းက အဆင့် ၈ မှာရပ်တည်နေတာက အရှိတရားဖြစ်ကြောင်းလည်း နည်းပြ အာနဲစလော့က ပြောသွားပါတယ်။
Photo:Reuters


