Home
အားကစား
ပဲလေ့အသင်း ချန်ပီယံဖြစ်မည်ဟု ထင်မှတ်မထားကြောင်း နည်းပြဂလက်စ်နာ ပြော
DVB
·
May 18, 2025
Photo: REUTERS/David Klein

အက်ဖ်အေဖလားမှာ ခရစ္စတယ်ပဲလေ့အသင်း ချန်ပီယံဖြစ်မယ်လို့ ဘယ်သူကမှ ထင်မှတ်ထားမှာ မဟုတ်ကြောင်း နည်းပြအိုလီဗာဂလက်စ်နာက ပြောသွားပါတယ်။

ခရစ္စတယ်ပဲလေ့အသင်းဟာ မနေ့ညက ကစားသွားတဲ့ မန်စီးတီးနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကလပ် အသင်းသမိုင်းတလျှောက် ပထမဆုံး ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နည်းပြဂလက်စ်နာဟာ ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းကို တာဝန်ယူစဉ်ကလည်း ယူရိုပါလိဂ်ဆုဖလား ရယူပေးနိုင်ခဲ့သူပါ။

ဖရန့်ဖတ်အသင်း ချန်ပီယံဆုဖလားရယူစဉ်ကလည်း  ဘယ်သူမှ ထင်မှတ်မထားသလို ခရစ္စတယ်ပဲလေ့ ချန်ပီယံ ဖြစ်မယ်လို့လည်း ဘယ်သူမှထင်မှတ်မထားကြောင်း၊ ဆုဖလား ကိုင်မြှောက်နိုင်ခဲ့တာက အကြီးမားဆုံး အောင်မြင်မှုမဟုတ်ဘဲ ပရိသတ်တွေရဲ့ ဘဝအတွက်၊ အခိုက်အတန့်လေးအတွင်းမှာ ကြီးကျယ်ခမ်းနားတဲ့ အချိန်တွေ ရယူပေးနိုင်ဖို့က အဓိကဖြစ်ကြောင်း နည်းပြက ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013