
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပထမပိုင်း စတင်ကျင်းပမယ့် ဒီဇင်ဘာ ၂၈ ရက်ဟာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ် ကျောင်းသူကျောင်းသားတွေ ကျောင်းတက်ရမယ့် ရက်ဖြစ်တဲ့အတွက် ကျောင်းသူကျောင်းသားတွေအနေနဲ့ ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့ စစ်တပ် ဩဇာခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်လိုက်ပါတယ်။
မကြာခင်မှာ တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်သလို ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျောင်းတက်ရမှာ ဖြစ်တဲ့အတွက် ကျောင်းသူ ကျောင်းသားတွေအနေနဲ့ အသက်ပြည့်ပြီး ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူတွေ ဖြစ်ရင် မဲပေးခွင့် မဆုံးရှုံးစေဖို့ ကြိုတင်မဲပေးနိုင်တယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ မဲစာရင်းပါရှိရာ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ့ရုံးတွေမှာ နိုင်ငံသားစိစစ်ရေးကတ်နဲ့ ကျောင်းသားကတ်တွေ ပြသပြီး ကြိုတင်မဲပေးနိုင်တယ်လို့လည်း UEC က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်ရေးကာလအဖြစ် အခု အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၃၁ အထိ သတ်မှတ်ကြောင်းလည်း တော်လှန်ရေးအင်အားစုတွေက ကြေညာထားပါတယ်။


