Home
မြန်မာသတင်း
ဆည်တော်ကြီးစခန်းကို စစ်တပ်ပြန်သိမ်း
DVB
·
November 8, 2025

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ဆည်တော်ကြီးရေလှောင်တမံရှိ တော်လှန်ရေး တပ်တွေသိမ်းပိုက်ထားတဲ့ တပ်စခန်းတခုကို  နိုဝင်ဘာလ ၇ ရက်မှာ  စစ်တပ်က ပြန်သိမ်းပိုက်လိုက်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာဖော်ပြပါတယ်။ 

ဆည်တော်ကြီးရေလှောင်တမံနဲ့ ပတ်ဝန်းကျင်ဒေသကို ပြန်သိမ်းပိုက်လိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ထားတာပေမဲ့ အဲဒီအနားက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF သိမ်းပိုက်ထားတဲ့ နောက်ထပ်စခန်းတခုဖြစ်တဲ့ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်‌ရေး တပ်စခန်းအကြောင်းတော့ ထုတ်ပြန်ချက်မှာ မပါဝင်ပါဘူး။

ဒီသတင်းနဲ့ ပတ်သက်ပြီး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

အဲဒီတပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်း-မန်း စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ဇူလိုင်လက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ တအာင်းနဲ့ ကိုးကန့် တော်လှန်ရေးတပ်တွေအပေါ် တရုတ်ဖိအားပေးမှုကြောင့် စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အညာဒေသကို စစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013