
အမေရိကန် ပုဂ္ဂလိက အာကာသကုမ္ပဏီနဲ့ အာကာသ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတခုဖြစ်တဲ့ SpaceX ဟာ နိုဝင်ဘာ ၅ ရက်က ဖလော်ရီဒါပြည်နယ်ရှိ ကိပ်ကနားဗရယ်လ် အာကာသတပ်ဖွဲ့စခန်းမှ ဖယ်လ်ကွန်နိုင်း ဒုံးပျံနဲ့ စတားလင့်ခ် ဂြိုဟ်တုတွေရဲ့ အသစ်အုပ်စုတစုကို ဂြိုဟ်ပတ်လမ်းထဲကို အောင်မြင်စွာ ပစ်လွှတ်ခဲ့ပါတယ်။
ဂြိုဟ်တု ၂၉ လုံး လွှတ်တင်ခဲ့တာလို့ SpaceX က ဆိုပါတယ်။ ဒီတခေါက် မစ်ရှင်မှာတော့ ပထမအဆင့် booster ကို အသုံးပြုခဲ့ပြီး SpaceX ရဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံနည်းပညာကို သရုပ်ပြခဲ့ပါတယ်။
လွှတ်တင်လိုက်ပြီးနောက်မှာ ဖယ်လ်ကွန်နိုင်း ဒုံးပျံရဲ့ ပထမအဆင့်ဟာ ကမ္ဘာမြေကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အတ္တလန္တိတ် သမုဒ္ဒရာထဲကို ဘေးကင်းစွာ ဆင်းသက်ခဲ့ပါတယ်။
Source: Reuters


