
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ အူလ်ဆန်မြို့က ဓာတ်အားပေးစက်ရုံတခုမှာ နိုဝင်ဘာ ၆ ရက်က အကြီးစားအဆောက်အအုံတခု ပြိုကျသွားမှုကြောင့် လူ ၇ ယောက် အထဲမှာ ပိတ်မိနေပါတယ်။
ပိတ်မိနေသူတွေအတွက် တာဝန်ရှိသူတွေ စိုးရိမ်နေကြကြောင်း ယွန်ဟက်ပ်သတင်းဌာနက ပြောကြားခဲ့ပြီး အပျက်အစီးတွေထဲကနေ လူ ၂ ယောက်ကို ဆွဲထုတ်နိုင်ခဲ့ကြောင်းလည်း ဆိုပါတယ်။ ခရိုင်မီးသတ်အရာရှိဟာ ပျောက်ဆုံးနေသူ အရေအတွက်ကို ချက်ချင်း အတည်မပြုနိုင်ပါဘူး။
ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတပုံမှာတော့ အရှေ့တောင်ပိုင်းမြို့မှာ ဧရာမ သံမဏိအဆောက်အအုံတခု ပျက်စီးပြိုလဲနေပုံကို ဖော်ပြထားပါတယ်။
အစောပိုင်းတုန်းကတော့ ယွန်ဟက်ပ်နဲ့ တခြားမီဒီယာတွေဟာ လူ ၆ ယောက် ပျောက်ဆုံးနေပြီး ပိတ်မိနေတယ်လို့ ယူဆရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters


