Home
နိုင်ငံတကာ
ထရမ့်ပ်ကို တောင်ကိုရီးယားအမြင့်ဆုံးဆု ချီးမြှင့်ပြီး ဘုရင့်ရွှေသရဖူ လက်ဆောင်ပေး
DVB
·
October 29, 2025
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို တောင်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးဆု Grand Order of Mugunghwa ချီးမြှင့်ခဲ့ပြီး ကိုရီးယားသုံးပြည်ထောင်ခေတ်က ရှီလာပြည်ဘုရင်တွေ ဆောင်းတဲ့ ရွှေသရဖူ ပုံစံတူပါ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

ကိုရီးယားငြိမ်းချမ်းရေး ဖန်တီးသူအဖြစ် ထရမ့်ပ်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အနေနဲ့  “ခေါင်ရန်းငယ်ပန်း မဟာဂုဏ်ထူးဆောင်” ဆုတံဆိပ် ချီးမြှင့်ရတာလို့ ဆိုပါတယ်။

ခေါင်ရန်းငယ်ပန်းဟာ တောင်ကိုရီးယားရဲ့ နိုင်ငံတော်ပန်းဖြစ်ပြီးတော့ အင်္ဂလိပ်လို ရှရွန်နှင်းဆီ၊ ကိုရီးယားနှင်းဆီလို့လည်း ခေါ်တာလည်း ရှိပါတယ်။ မြန်မာမှာ လူသိများတဲ့ ခေါင်ရန်းဆည်းလည်းရဲ့ မျိုးကွဲပန်း ဖြစ်ပါတယ်။

ဆုတံဆိပ်ကို တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က ပေးအပ်ချိန်မှာ “အခုချက်ချင်းတောင် ဝတ်လိုက်ချင်တယ်” လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

APEC ထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ဂယောင်ဂျူးမြို့ဟာ ကိုရီးယား သုံးပြည်ထောင်ခေတ်က ရှီလာဘုရင့်နိုင်ငံရဲ့ မြို့တော် ဖြစ်ခဲ့ပါတယ်။ အဲဒီမြို့ အုတ်ဂူတခုကနေ တူးဖော်တွေ့ရှိခဲ့တဲ့ ရှီလာဘုရင့်နိုင်ငံ ဘုရင်တွေဆောင်းတဲ့ သမိုင်းဝင် ရွှေသရဖူနဲ့ ပုံစံတူ သရဖူတခုကိုပါ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013