
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဂျပန်ဝန်ကြီးချုပ်သစ် ဆာနာအဲ တာကာအိချိနဲ့ တိုကျိုမြို့မှာ တွေ့ဆုံပြီး ကုန်သွယ်ရေးနဲ့ မြေရှား သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။
သမ္မတထရမ့်ပ်ကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းသွားမယ်လို့လည်း ဝန်ကြီးချုပ် တာကာအိချိက ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၈ ရက်က တွေ့ဆုံမှုမှာ မြေရှားနဲ့ အရေးပါတဲ့ သတ္တုသယံဇာတတွေ ထောက်ပံ့ရေးဆိုင်ရာ မူဘောင်သဘောတူညီချက်ကို ခေါင်းဆောင် ၂ ယောက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီတွေ့ဆုံမှုဟာ နိုင်ငံနှစ်ခုကြား မဟာမိတ်ဆက်ဆံရေးအတွက် “ရွှေခေတ်သစ်” ကို ဖော်ဆောင်လိုက်တာလို့ ခေါင်းဆောင် ၂ ယောက်လုံးက ပြောကြားခဲ့ပါတယ်။
သမ္မတထရမ့်ပ်က ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတဲ့ တာကာအိချိကို ချီးကျူးပြောဆိုခဲ့ပြီး “ထူးချွန်တဲ့” ခေါင်းဆောင်တယောက်လို့ သုံးနှုန်းခဲ့ပါတယ်။
ဝန်ကြီးချုပ် တာကာအိချိကလည်း ဂျပန်ရဲ့ စစ်ရေးအသုံးစရိတ် တိုးမြှင့်သွားမယ့် အစီအစဉ်ကို အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ခေါင်းဆောင် ၂ ယောက်ဟာ နောက်ပိုင်းမှာ တိုကျိုမြို့အနီး ယိုကိုဆူကာမှာရှိတဲ့ အမေရိကန်ရေတပ် အခြေစိုက်စခန်းကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။
ဂျပန်ခရီးစဉ်အပြီးမှာ သမ္မတထရမ့်ပ်ဟာ တောင်ကိုရီးယားနိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး အဲဒီမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Source: Reuters




