Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ကြက်ရိုးပင် ဆေးဖက်ဝင်
DVB
·
November 5, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကြက်ရိုးပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကြက်ရိုးပင်ကို သိပ္ပံလို premna mollissima လို့ခေါ်ပြီး အင်္ဂလိပ်လို dusky fire brand mark လို့ ခေါ်ပါတယ်။

ကြက်ရိုးပင်မှာ n-hexadecanoic acid, linoleic acid, octadecanoic acid palmitic acid, octadecanoic acid, stearic acid, phytol, a-sitosterol, β-sitosterol 9, 12-octadecadienoic acid, myristyl lignocerate, β-sitosteryl oleate, diterpenes, nellionol, premnolal, fatty acids, sterol, diterpenes, flavonoids, terpenes, lignan စတဲ့ ကျန်းမာရေးအကျိုးပြုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အစာချေဖျက်ခြင်း၊ ဆီးရွှင်စေခြင်း၊ ရေဖျဉ်းဆန့်ကျင်ခြင်း၊ ဖောရောင်ခြင်းကို ဆန့်ကျင်ခြင်း၊ သွေးစုနာကို ကုသခြင်း၊ အနာကျက်ခြင်း၊ အရေပြားရောဂါ ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ကြက်ရိုးပင်ရဲ့ အခေါက်၊ အရွက်၊ အမြစ် တို့ကို သုံးစွဲကြပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်း အစောပိုင်းအဆင့်နဲ့ ဆီးအနည်ထိုင်ခြင်းတို့အတွက် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ဓမ္မတာမမှန်ခြင်း၊ ဓမ္မတာလာစဉ် ကိုက်ခဲနာကျင်ခြင်းများအတွက် အခေါက်မှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို တနေ့ ၂ ကြိမ် ရေနွေးနဲ့ သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ၊ နာတာရှည် ဝမ်းလျှောရောဂါများအတွက် ကြက်ရိုးသီး အစေ့မှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို ထောပတ်အနည်းငယ် ရောစပ်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်းများမှာ ကြက်ရိုးပင်အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။

အိပ်ရာဝင်ချိန်  ကြက်ရိုးပင်အခေါက်အမှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို နွားနို့ပူနွေးနွေးနဲ့ သောက်သုံးပေးခြင်းက အမျိုးသား မျိုးပွားစနစ်ကို အားကောင်းစေပါတယ်။

ဆီးကျိတ်ကြီးခြင်း/ရောင်ခြင်းအတွက် ကြက်ရိုးပင်အခေါက်အမှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်း ရောစပ်ပြီး တနေ့ ၂ ကြိမ် ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။

ပြင်းထန်ဆီးပြဿနာများအတွက် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကြက်ရိုးပင်ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ပျို့ခြင်း၊ ဝမ်းပျက်ခြင်း အစာအိမ်အူလမ်းကြောင်းပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ရှားရှားပါးပါး၊ အချို့သောလူများဟာ ရေမပါဘဲ စားသုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ကို ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ ရှောင်ကြဉ်သင့်ပါတယ်။ ကြက်ရိုးသီးနဲ့ ဓာတ်မတည့်သူများ ကြက်ရိုးပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။

နွေဦးပြည်သူများ ကြက်ရိုးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013