Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် သံမနိုင်ကျောက်မနိုင်ပင် ဆေးဖက်ဝင်
DVB
·
October 22, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် သံမနိုင်ကျောက်မနိုင်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

သံမနိုင်ကျောက်မနိုင်ပင်ကို သိပ္ပံလို Alysicarpus vaginalis လို့ခေါ်ပြီး အင်္ဂလိပ်လို alyce clover, buffalo clover, buffalo-bur, one-leaf clover, white moneywort, false moneywort လို့ ခေါ်ကြပါတယ်။

သံမနိုင်ကျောက်မနိုင်ပင်မှာ steroid, flavonoid, polyphenol, terpenoid, carbohydrate, glycoside, alkaloid, tannin steroids, terpenes, Methyl Mannose, Undecane, Neophytadiene, Imidazole, stigmasterol စတဲ့ ကျန်းမာရေး အကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကင်ဆာရောဂါ ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယားပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ အာရုံကြောအားတိုးစေခြင်း၊ အသည်းကိုကာကွယ်ပေးခြင်း၊ သန္ဓေတားဆေး အာနိသင်ရှိခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ သံမနိုင်ကျောက်မနိုင်ပင်ရဲ့ အမြစ်၊ အစေ့၊ အရွက်နဲ့ တပင်လုံးကို သုံးစွဲကြပါတယ်။ 

ချောင်းဆိုးခြင်းအတွက်  အမြစ်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့  ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

 အဖျားရောဂါအတွက် အမြစ်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ဝမ်းကိုက်ခြင်းနဲ့ ဝမ်းလျှောခြင်းအတွက် အစေ့အဆံမှုန့် ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ထိခိုက်ရှနာများမှာ အပင်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် အနာကျက်မြန်စေပါတယ်။

သည်းခြေကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးနဲ့ ကျောက်ကပ်ရောဂါ ရောဂါများမှာ တပင်လုံးကို လက်ဖက်ခြောက်အဖြစ် ပြုလုပ်ပြီး ရေနွေးကြမ်းအဖြစ် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၄-၅ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အမြစ်မှုန့်ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်း ထည့်ပြီး ညအိပ်ရာဝင်ချိန် နွားနို့တခွက်နဲ့ သောက်ပေးခြင်းက အမျိုးသားခွန်အားကို တိုးပွားစေပြီး ပန်းသေပန်းညှိုးနဲ့ လိင်ပိုင်းဆိုင်ရာ အားနည်းခြင်းများကို သက်သာစေပါတယ်။

လည်ချောင်းနာခြင်းနဲ့ အဆုတ်အအေးမိခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ အပင်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ချင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

သံမနိုင်ကျောက်မနိုင်ပင် ရေနွေးကြမ်း အသင့်အတင့်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကိုယ်တွင်း သဘာဝဓာတ်ညှိဆေးအဖြစ် လုပ်ဆောင်ပြီး သွေးသန့်စင်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်းကို တားဆီးပေးခြင်း၊ အသည်းကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ နာတာရှည်ရောဂါ ဖြစ်ပွားမှုကို ကြိုတင်တားဆီးနိုင်ခြင်း၊ အသားအရေကို ကြည်လင်စေခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို လျော့ပါးစေခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။

သံမနိုင်ကျောက်မနိုင်သီးကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံစားသုံးတာက ဝမ်းချုပ်ခြင်း၊ လေထိုးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ သံမနိုင်ကျောက်မနိုင်ပင်နဲ့ ဓာတ်မတည့်သူများ သံမနိုင်ကျောက်မနိုင်ပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်ပါ။ သံမနိုင်ကျောက်မနိုင်ပင်မှာ သန္ဓေတားဆေးအာနိသင် ရှိတာကြောင့်  ကိုယ်ဝန်ဆောင်မိခင်များနဲ့ သားသမီးရယူလိုသူ မိခင်လောင်းများ  သံမနိုင်ကျောက်မနိုင်ပင် သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူများ သံမနိုင်ကျောက်မနိုင်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013