Home
မြန်မာသတင်း
သတင်းသမားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး နိုင်ငံတကာနေ့
DVB
·
November 2, 2025
Photo: MPA

မြန်မာနိုင်ငံက သတင်းသမားတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတယ်လို့ ဒီကနေ့ နိုဝင်ဘာ ၂ ရက်မှာ ကျရောက်တဲ့  နိုင်ငံတကာ သတင်း‌ထောက်များအပေါ် ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့မှာ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးအကျဉ်းချတာ အများဆုံး နိုင်ငံတွေထဲမှာ တနိုင်ငံအပါအဝင်ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် သတင်းသမား အယောက် ၂၀၀ ကျော်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထောင်ချခဲ့ပြီး ၇ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

လက်ရှိအချိန်ထိလည်း အမျိုးသမီးသတင်းသမားတွေအပါအဝင် အနည်းဆုံး သတင်းသမား ၅၁ ယောက်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

အထူးသဖြင့် offline နဲ့  online အခြေအနေနှစ်မျိုးလုံးမှာ  နှောင့်ယှက်မှု၊ စောင့်ကြည့်မှု၊ အလွဲသုံးစားပြုမှုတို့အပါအဝင် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီးသတင်းထောက်တွေကို အမှတ်ရ ဂုဏ်ပြုတယ်လို့ ယူကေသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ယူကေအစိုးရအနေနဲ့ မီဒီယာလွတ်လပ်ခွင့်အပေါ်ချိုးဖောက်မှုမှန်သမျှကို ရှုတ်ချကြောင်း၊ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်သူတွေကို အရေးယူဆောင်ရွက်မယ်လို့ ယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝန်းက သတင်းသမားတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ‌ဘေးကင်းလုံခြုံစေရေးအတွက် အကူအညီတွေကို ဆက်လက်ထောက်ပံ့သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013