Home
မြန်မာသတင်း
မိုးကုတ်တွင် TNLA ဆုတ်ခွာသည့်နေရာ၌ တော်လှန်ရေးတပ်ဖွဲ့များ နေရာပြန်ယူ
DVB
·
October 31, 2025
Photo: MBT

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက TNLA တွေ ဆုတ်ပေးလိုက်တဲ့ နေရာတွေကို မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁၂၂၂ တပ်ရင်း TRI ဗျူဟာ Myingyan BLACK TIGER တပ်ရင်းနဲ့ မန္တလေး မိုးကုတ် သပိတ်ကျင်း မြို့နယ်တွေမှာ စစ်ရေးတာဝန်ထမ်းဆောင်နေကြတဲ့ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၃၀ ရက်မှာ နေရာပြန်ယူထားတယ်လို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

မန္တလေး၊ မိုးကုတ်၊ မိုးမိတ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ၆ လကြာ စစ်ဆင်ရေး ဖော်ဆောင်နေတာဖြစ်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့  (TNLA) က စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲပြီး ပြန်လည်ဆုတ်ပေးဖို့ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

Myingyan BLACK TIGER တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက “ကျနော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ တိုက်ပွဲကတော့ နေ့စဥ်ဆိုသလို ဖြစ်နေတယ်။ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေလည်း ရှိတယ်။ တော်လှန်ရေးအစကတည်းက ဘာလက်နက်မှမရှိဘဲ စခဲ့တာ။ ပြည်သူလူထုအားနဲ့ ရုန်းကန်ခဲ့တာပါ။ အဓိက ဒီတော်လှန်ရေးက ဘယ်သူမှ အဆုံးအဖြတ်ပေးလို့ မရပါဘူး။ ပြည်သူကပဲ အဆုံးအဖြတ်ပေးနိုင်တာပါ။ ကျနော်တို့ ကျားမဲတပ်က ပြည်သူနဲ့အတူ ရှိနေမှာပဲ။ ခုလည်း မိုကုတ်မှာ ခုခံကာကွယ်နေတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ရှိနေတယ်။ အညာတပ်တွေ အညာသူ အညာသားတွေ သွေးမအေးဘူး” လို့ ပြောပါတယ်။

မန္တလေးတိုင်းက မြို့နယ်တွေမှာ အရင်တည်းက စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်နေပြီး လက်ရှိမှာလည်း မိုးကုတ်မြို့နယ် မကျရေးကို မိုးကုတ်ဒေသက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ခုခံကာကွယ်သွားမှာလို့ ဆိုပါတယ်။

တရုတ်ရဲ့ဖိအားအပြင် လူထုရဲ့ အသက်အိုးအိမ်ကို ငဲ့ညှာတဲ့အနေနဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ကို လက်လွှတ်ပြီး အပစ်အခတ်ရပ်စဲဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်လို့ TNLA က ပြောကြားထားပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အဆိုပါမြို့နယ်တွေ ပြန်မပေးရရေး ကြိုးစား တိုက်ခိုက်နေတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013