
အပြည်ပြည်ဆိုင်ရာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများအဖွဲ့ချုပ် (IFRC) က စေတနာ့ဝန်ထမ်း ၅ ယောက် ဆူဒန်နိုင်ငံထဲမှာ သေဆုံးပြီး ၂ ယောက် ပျောက်နေတယ်လို့ အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။
စေတနာ့ဝန်ထမ်း ၅ ယောက်ဟာ အောက်တိုဘာ ၂၇ ရက်မှာ မြောက်ကော်ဒိုဖန်ပြည်နယ် အလယ်ပိုင်းက ဘာရာမြို့မှာ တရားဝင်အင်္ကျီတွေ ဝတ်ထားပြီး အစားအစာ ဝေငှနေချိန်မှာ သေဆုံးခဲ့တယ်လို့ IFRC ရဲ့ ပြောရေးဆိုခွင့်ရှိသူ တွန်မာဆို ဒယ်လာလွန်ဂါက ပြောပါတယ်။
သူတို့ ဘယ်လို သေဆုံးတယ်၊ ဒါမှမဟုတ် ဘာတာဝန်တွေ ချထားပေးတယ် ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် မဖော်ပြခဲ့ပါဘူး။
ဒယ်လာလွန်ဂါက “ကျနော်တို့ ထိတ်လန့်တုန်လှုပ်ခဲ့ရ၊ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ ဒီလုပ်ရပ်ကို ကျနော်တို့ ရှုတ်ချပါတယ်” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလကစပြီး ဆူဒန်စစ်တပ်ကို တိုက်ရင်း ပြည်တွင်းစစ်အတွင်း ပိတ်မိနေတဲ့ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (RSF) ဟာ အခုအပတ်အစောပိုင်းမှာ မဟာဗျူဟာကျတဲ့ ဘာရာမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။
တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဆူဒန်အလယ်ပိုင်းနဲ့ ဒါဖာတို့မှာ RSF ရဲ့ မကြာသေးမီက အောင်ပွဲတွေနဲ့အတူ အရပ်သား ရာပေါင်းများစွာ သေဆုံးခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
နှစ်ဖက်စလုံးက အရင်က အလွဲသုံးစားပြုမှုတွေအပေါ် စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး ကျူးလွန်တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
IFRC ကတော့ လောလောဆယ်မှာ ဆူဒန်နိုင်ငံအတွင်း လုပ်ငန်းဆောင်တာတွေကို ဆက်လုပ်သွားမယ်လို့ ဒယ်လာ လွန်ဂါက ပြောခဲ့ပါတယ်။
Source: Reuters


