Home
နိုင်ငံတကာ
ရုရှားသမ္မတ ပူတင်နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ
DVB
·
October 28, 2025
Photo: Reuters

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အောက်တိုဘာ ၂၇ ရက်မှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေနဲ့ ကရင်မလင်နန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်။

၂ နိုင်ငံဆက်ဆံရေးမှာ အရာအားလုံး အစီအစဉ်တကျ ဖြစ်လာမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကို ပြောပေးဖို့လည်း ပူတင်က တောင်းဆိုခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေဟာ ‘အစီအစဉ်အတိုင်း’ တိုးတက်နေတယ်လို့ ပူတင်က ပြောခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို နှုတ်ခွန်းဆက်စကား ပြောခဲ့တယ်လို့ ရုရှားရဲ့ စပွတ်ညစ်ခ် သတင်းဌာနက ဖော်ပြပါတယ်။

ချိုဆွန်ဟွေကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗရော့ဗ်နဲ့ ဆွေးနွေးမှုတွေထဲမှာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ စိတ်ဝိညာဉ်ရေးအရ နီးကပ်မှုကို ချီးကျူးပြီးတဲ့နောက် ကင်မ်ဂျုံအန်းဆီက နွေးထွေးတဲ့ ဆုမွန်ကောင်းတွေကို ပြန်ပေးပို့ခဲ့ပါတယ်။

အနောက်နိုင်ငံတွေက ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့တာ ခံနေရတဲ့ ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးဟာ  ကျူးကျော်မှုဖြစ်ခဲ့ရင် တနိုင်ငံချင်းစီကို စစ်ရေးအရ ပံ့ပိုးပေးဖို့ ကတိပြုတဲ့ ၂၀၂၄ ကာကွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးတာ အပါအဝင် မကြာသေးမီ နှစ်တွေအတွင်း ဆက်ဆံရေးကို သိသိသာသာ မြှင့်တင်ခဲ့ကြပါတယ်။

အဲဒီအချိန်ကစပြီး မြောက်ကိုရီးယားဟာ ရုရှားရဲ့စစ်ပွဲမှာ ပါဝင်ဖို့ တပ်ဖွဲ့ဝင် ၁၀,၀၀၀ လောက် စေလွှတ်ခဲ့ပြီး သူတို့ထဲက အယောက် ၆၀၀ ထက်မနည်းဟာ တိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ယူကရိန်း အစိုးရတွေက ခန့်မှန်းထားပါတယ်။

ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားစစ်သားတွေ ပါဝင်ပတ်သက်မှုကို မြောက်ကိုရီးယား အစိုးရက ဧပြီလမှာ ပထမဆုံး ဝန်ခံခဲ့ပါတယ်။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်အပြီးမှာ ရုရှားဟာ မဟာဗျူဟာကျတဲ့ ကာ့စ်ဒေသကို ပြန်သိမ်းရာမှာ ကူညီပေးခဲ့တယ်လို့လည်း ပြောပါတယ်။

ကျန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဟာ ပဋိပက္ခအတွင်း ကျဆုံးခဲ့တဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုဖို့ မြို့တော်ပြုံယမ်းမှာ ပြတိုက်တခု ဖွင့်လှစ်တဲ့ အထိမ်းအမှတ် အခမ်းအနားတရပ် ကျင်းပခဲ့ပါတယ်။

မြောက်ကိုရီးယားတပ်တွေကို ရုရှားမှာ ဖြန့်ကြက် ချထားမှုဟာ ရုရှားနဲ့ စစ်ရေးအရ စည်းလုံးညီညွတ်မှု သမိုင်းသစ်တခုရဲ့ အစပြုခြင်းဖြစ်ပြီး မရှုံးနိမ့်နိုင်တဲ့ မဟာမိတ်အဖွဲ့တခု ရှိနေတယ်ဆိုတာ ပြနေတယ်လို့လည်း ကင်မ်က ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013