
ရုရှားနိုင်ငံဟာ အမေရိကန် ဒါမှမဟုတ် တခြားနိုင်ငံတွေရဲ့ ဖိအားပေးမှုကို ဦးညွှတ်မှာ မဟုတ်ကြောင်း ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု အသစ်တွေက ရုရှားနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ကြောင်းနဲ့ အမေရိကန်နဲ့ ရုရှား ဆက်ပြီး ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ရုရှားသမ္မတပူတင်က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။
ဟန်ဂေရီနိုင်ငံ ဘူဒါပတ်မြို့မှာ တွေ့ဆုံဖို့ ရွေးချယ်ခဲ့တာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ပူတင်က ဆိုပါတယ်။
“အမေရိကန်နဲ့ နောက်ဆုံး ဖုန်းပြောခဲ့အပြီးမှာ အမေရိကန်ဘက်က ဆွေးနွေးပွဲနဲ့ ပြုလုပ်မယ့်နေရာကို သူတို့ကိုယ်တိုင် ပြုလုပ်မယ်လို့ အဆိုပြုထားပါတယ်။ ဒါကို ကျနော်လည်း သဘောတူပါတယ်။ ဆွေးနွေးပွဲတွေဟာ အမြဲတမ်း ထိပ်တိုက်တွေ့တာ၊ စစ်ဖြစ်တာတွေထက် ပိုပြီး ကောင်းမွန်ပါတယ်” လို့ ပူတင်က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားကို စက္ကူကျားလို့ ပြောဆိုထားပြီး ပူတင်နဲ့တွေ့မယ့် တွေ့ဆုံပွဲကို ဖျက်သိမ်းထားပါတယ်။
ဒါ့အပြင် အမေရိကန်ကလည်း ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီကြီး ၂ ခုကို စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ဒီလိုတိုက်ခိုက်မှုတွေကို ရုရှားရဲ့ ပြင်းထန်ပြီး ပြတ်သားတဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့လည်း ပူတင်က ပြောပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးက ပြည်တွင်းထုတ် ဒုံးကျည်တွေဟာ မိုင် ၁,၉၀၀ အကွာအဝေးကို ပစ်ခတ်နိုင်တယ်လို့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီးလည်း ပူတင်က ဒါက စစ်ပွဲအရှိန်ကို ပိုပြီး မြင့်တက်လာစေတယ်လို့ ပြောထားပါတယ်။
Source: Reuters




