
ယူကရိန်းနိုင်ငံ ဇာပိုရစ်ရှ်ရှားဒေသမှာ ရုရှားရဲ့ ညလုံးပေါက် တိုက်ခိုက်မှုကြောင့် လူ ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အီဗန် ဖေဒိုရော့ဗ်က အောက်တိုဘာ ၂၂ ရက်မှာ ပြောပါတယ်။
အရေးပေါ် ဌာနတွေက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်တွေမှာ မီးသတ်သမားတွေက အဆောက်အဦတွေမှာ မီးလောင်မှုတွေ၊ အရေးပေါ်ဝန်ထမ်းတွေက လူတွေနဲ့ ခွေးတွေကို ကယ်ဆယ်နေကြတာကို ပြထားပါတယ်။
ရုပ်သံတွေ ရိုက်ကူးတဲ့ နေရာနဲ့ အချိန်ကို သီးခြား လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက ဇာပိုရစ်ရှ်ရှားဒေသဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းနိုင်ငံကို ရုရှားက လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်ပြီးကတည်းက ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ပစ်ခတ်မှုတွေ ဆက်တိုက် ဖြစ်နေတာပါ။
ချက်ချင်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်တွေကို ရုရှားအစိုးရက ပယ်ချခဲ့လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တို့ကြား စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတအိမ်ဖြူတော်က အောက်တိုဘာ ၂၁ ရက်မှာ ဆိုင်းငံ့ခဲ့ပါတယ်။
အဲဒီနောက် ညတွင်းချင်း တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ မကြာခင် အစည်းအဝေးလုပ်ဖို့ အစီအစဉ် မရှိဘူးလို့ အမေရိကန် အကြီးတန်းအရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Source: Reuters




