
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စကားပြောတိုင်း အဆင်ပြေပြေ ပြောဆိုဖြစ်ပေမဲ့ ဘယ်မှမရောက်ဘူး၊ ဘာမှဖြစ်မလာဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မှတ်ချက်ချခဲ့ပါတယ်။
ရုရှား အကြီးဆုံး ရေနံကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Rosneft နဲ့ Lukoil အပေါ် အမေရိကန်က အရေးယူ ပိတ်ဆို့မှုအသစ်တွေ ချမှတ်ချိန်မှာ အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေနဲ့ ငြိမ်းချမ်းရေးညှိနှိုင်းမှု အစည်းအဝေးအပြီးမှာ ထရမ့်ပ်က “ကျုပ် ဗလာဒီမာနဲ့ စကားပြောတဲ့အခါတိုင်း အဆင်ပြေတယ်။ ပြီးလည်းပြီးရော ဘယ်မှ မရောက်ဘူး၊ ဘာမှ ဖြစ်မလာဘူး” လို့ မှတ်ချက်ချခဲ့တာဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဟန်ဂေရီမှာ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ အစည်းအဝေး ပျက်သွားတယ်လို့ ထရမ့်ပ်က ပြောကြားခဲ့အပြီး တရက်အကြာမှာ အခုလို အရေးယူ ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၂ ရက် အစောပိုင်းမှာ ရုရှားဟာ ယူကရိန်းကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။
အရေးယူပိတ်ဆို့မှုဟာ အင်မတန်ကြီးကျယ်ပြီးတော့ စစ်ပွဲမရပ်ချင်ဘူးဆိုတဲ့ ရုရှားရဲ့ သဘောထားကို လျင်လျင်မြန်မြန် ပြောင်းလဲသွားစေမယ်လို့ မျှော်လင့်ကြောင်းလည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။
NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေ ကလည်း ပူတင်အပေါ် ဖိအားပိုပေးတာကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
ပူတင်ဘက်က ငြိမ်းချမ်းရေးယူဖို့ စိတ်အားထက်သန်မှု မရှိတဲ့အပေါ် ထရမ့်ပ်က ဝေဖန်ခဲ့ပြီး “အခု အချိန်ကျပြီလို့ ကျုပ်ထင်တယ်။ ကျုပ်တို့ အကြာကြီးစောင့်ခဲ့ပြီးပြီ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အရေးယူပိတ်ဆို့မှုဟာ အင်မတန်ကြီးကျယ်ပြီးတော့ စစ်ပွဲမရပ်ချင်ဘူးဆိုတဲ့ ရုရှားရဲ့ သဘောထားကို လျင်လျင်မြန်မြန် ပြောင်းလဲသွားစေမယ်လို့ မျှော်လင့်ကြောင်းလည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။
NATO အတွင်းရေးမှူးချုပ်ကလည်း ပူတင်အပေါ် ဖိအားပိုပေးတာကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
Photo:Reuters


