Home
နိုင်ငံတကာ
ဘိုင်ဒင်ကို ရွေးကောက်ပွဲမပြိုင်ရန် တိုက်တွန်းခဲ့သင့်ဟု ကမ်မလာဟားရစ် သုံးသပ်
DVB
·
October 27, 2025
Photo: REUTERS/Kevin Lamarque

အမေရိကန် ဒုသမ္မတဟောင်း ကမ်မလာဟားရစ်က သမ္မတ ဂျိုးဘိုင်ဒင်ကို ရွေးကောက်ပွဲ ထပ်မဝင်ဖို့ အစောပိုင်းကတည်းက တိုက်တွန်းပြောကြားခဲ့သင့်သလားဆိုတာ ပြန်သုံးသပ်မိတယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးတခုမှာ ပြောကြားလိုက်ပါတယ်။

ဘိုင်ဒင်ဟာ ထရမ့်ပ်နဲ့ စကားစစ်ထိုးပွဲမှာ အရေးမလှ ဖြစ်ခဲ့ပြီးတဲ့နောက် ဇူလိုင်လမှာ ပြိုင်ပွဲက နုတ်ထွက်ခဲ့ပြီး ဟားရစ်က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် အစားထိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။

မဲဆွယ်ဖို့ အချိန် ၃ လပဲ ရခဲ့တာကို အစွဲပြုပြီးတော့ “ရက်ပေါင်း ၁၀၇ ရက်” (107 Days) လို့ အမည်ပေးထားတဲ့ သူ့ရဲ့စာအုပ်သစ်မှာ ထပ်ယှဉ်ပြိုင်ဖို့ ဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ဟာ “တဦး တယောက်ရဲ့ အတ္တ ဒါမှမဟုတ် ရည်မှန်းချက်” အပေါ်မှာ အခြေမခံခဲ့သင့်ဘူးလို့ ဟားရစ်က ဝေဖန်ရေးသားခဲ့ပါတယ်။

ဘိုင်ဒင်ဟာ စစ်သေနာပတိချုပ်တာဝန် ထမ်းဆောင်နိုင်စွမ်း မရှိမှာကို စိုးရိမ်တာမဟုတ်ဘဲ အထူးသဖြင့် ထရမ့်ပ်နဲ့ ယှဉ်ပြိုင်ရမယ့် အင်မတန်ပင်ပန်းတဲ့ မဲဆွယ်ပွဲဒဏ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်မှာကို စိုးရိမ်ခဲ့တာလို့ သူက ရှင်းပြပါတယ်။

အဲဒီတုန်းကသာ သူက ဝင်ပြောခဲ့ရင် သူကိုယ်တိုင် သမ္မတနေရာ ဝင်ပြိုင်ချင်လို့ ကိုယ့်အကျိုးစီးပွားအတွက် ပြောတယ် အထင်ခံရမှာစိုးလို့ ဖွင့်မပြောခဲ့တာလို့လည်း ဝန်ခံခဲ့ပါတယ်။

ဘိုင်ဒင်ရဲ့ အနီးကလူတွေက သူ့ရဲ့ကျန်းမာရေးအခြေအနေ ယိုယွင်းလာတာကို ဖုံးကွယ်ထားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း တခြားစာအုပ်တွေမှာ ထွက်ပေါ်နေပါတယ်။

ဟားရစ်ဟာ လက်ရှိမှာ သူ့စာအုပ်ကို ကြော်ငြာဖို့ ဗြိတိန်ကို ရောက်ရှိနေပြီး အနာဂတ်မှာ သမ္မတလောင်းအဖြစ် ထပ်ဝင်ပြိုင်ဖို့ “ဖြစ်နိုင်ခြေရှိတယ်” လို့လည်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013