Home
အနုပညာ
ရုတ်တရက် ကွယ်လွန်သွားသည့် အဆိုတော် အဒီနို၏ ဈာပန မနက်ဖြန်ကျင်းပမည် 
DVB
·
October 27, 2025

သီချင်းသီဆို ဖျော်ဖြေနေရင်း ရုတ်တရက် ကွယ်လွန်သွားတဲ့ တေးရေး တေးဆို အဒီနို (ADINO) ရဲ့ ဈာပနအခမ်းအနားကို အောက်တိုဘာ ၂၈ ရက် မနက် ၉ နာရီမှာ ရန်ကုန်မြို့ ၈ မိုင်က ဟေဗြုန်ညီအစ်ကိုများအသင်းတော်ခန်းမမှာ ပြုလုပ်မယ်လို့ မိခင်ဖြစ်သူက အသိပေးထားပါတယ်။

FEVER 109 တီးဝိုင်းကို စတင်တည်ထောင်ခဲ့သူ တေးရေးတေးဆို အဒီနို (ADINO) ဟာ အောက်တိုဘာ ၂၅ ရက် ညပိုင်းက Idiots အဖွဲ့ရဲ့ နောက်ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲမှာ ရေမွန်ရဲ့ “မငိုနဲ့တော့” သီချင်းနဲ့ နှုတ်ဆက်သီဆိုနေစဉ်မှာ ရုတ်တရက် လဲကျသွားခဲ့တာဖြစ်ပြီး အရေးပေါ် ကုသကာ ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့  ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ ကွယ်လွန်ချိန်မှာ အသက် ၃၇ နှစ် ရှိပြီဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို အင်္ဂါနေ့ မနက် ၁၁ နာရီခွဲမှာ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်သွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မိသားစုအောက်မေ့ဖွယ် နှစ်သိမ့်ဆုတောင်းခြင်း အစီအစဉ်ကိုလည်း မရမ်းကုန်းမြို့နယ်၊ ၈ မိုင်က ဟေဗြုန်ညီအစ်ကိုများ အသင်းတော်ခန်းမမှာ အောက်တိုဘာ ၂၇ ရက် ဒီ ညနေ ၅ နာရီမှာ ကျင်းပသွားဖို့ ရှိပါတယ်။

အဲဒီ အောက်မေ့ဖွယ် နှစ်သိမ့်ဆုတောင်းခြင်းအခမ်းအနားကို အဒီနိုရဲ့ မိသားစုများ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ လာရောက် နှုတ်ဆက်၊ နှစ်သိမ့်၊ မေတ္တာပြနိုင်ကြောင်းလည်း အသိပေးထားပါတယ်။

တေးရေး တေးဆို အဒီနို (ADINO) ဟာ ဦးလွှမ်းမိုးမြင့်@ဦးသားချော နဲ့ နာမည်ကျော် Vocal Coach တယောက်ဖြစ်တဲ့ ဒေါ်ရင်မင်းတင်@Tracy တို့ရဲ့ သားကြီးဖြစ်ပြီး မြန်မာ့ Underground Metal ဂီတလောကရဲ့ ရှေ့ဆောင်လမ်းပြ တီးဝိုင်းတွေထဲက တဖွဲ့ဖြစ်တဲ့ Fever 109 တီးဝိုင်းကို ဦးဆောင်တည်ထောင်သူတွေထဲက တယောက်လည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013