
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အလုပ်ရုံဆွေးနွေးပွဲကနေ နိုင်ငံရေး၊ စီးပွားရေးနဲ့ NCA ဆိုင်ရာ အကြံပြုချက် ၉၃ ချက်ရရှိခဲ့တယ်လို့ စစ်ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောပါတယ်။
NCA ၁၀ နှစ်ပြည့် အခမ်းအနားပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို အောက်တိုဘာ ၂၄ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့ရာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့တာပါ။
အလုပ်ရုံဆွေးနွေးပွဲကနေ အကြံပြုချက် ၉၃ ချက်ရရှိခဲ့ကြောင်းနဲ့ တချို့အချက်တွေဟာ အကျိုးရှိတဲ့ အကြံပြုချက်တွေဖြစ်ကြောင်း၊ လူငယ်တွေ ငြိမ်းချမ်းရေးကို စိတ်ဝင်စားတာ တွေ့ရကြောင်း၊ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး နောင်ပြုလုပ်မယ့် အခမ်းအနားတွေမှာ ဖြည့်ဆည်းဆောင်ရွက်သွားမယ်လို့ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။
NCA ၁၀ နှစ်ပြည့် အခမ်းအနားကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲကိုပါ တပါတည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။




