
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာက မာလာဘွန်အရပ်မှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁,၅၀၀ ကျော် ပျက်စီးခဲ့ပြီး မိသားစုပေါင်း ၆၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အောက်တိုဘာ ၂၂ ရက်မှာ မီးဘေးကာကွယ်ရေးဗျူရို (BFP) က ပြောပါတယ်။
ညနေ ၄ နာရီ ၄၉ မိနစ်မှာ စတင်ဖြစ်ပွားပြီး အချိန် ၈ နာရီကျော်ကြာ လောင်ကျွမ်းခဲ့တဲ့ ဧရာမ မီးလောင်မှုကြီးကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးငြှိမ်းသတ်ဖို့အတွက် မီးသတ်ကား အစီးရေ ၁၀၀ ကျော်ကို ဖြန့်ကြက်ကာ မီးသတ်သမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ဝိုင်းဝန်းကြိုးပမ်းခဲ့ရပါတယ်။ လူသေဆုံးမှုတော့ မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေဟာ အပျက်အစီးတွေထဲကနေ ပစ္စည်းတွေကို ပြန်လည်ရယူဖို့ ရှာဖွေနေရင်း မီးလောင်မှုဖြစ်ပွားချိန်က ဘာပစ္စည်းမှ ယူချိန်မရဘဲ လူကိုယ်တိုင်နဲ့ အိမ်မွေးခွေးတွေကိုပဲ ကယ်တင်နိုင်ခဲ့တယ်လို့ နေထိုင်သူ ရက်ခ်စ် အီရာချိုက အောက်တိုဘာ ၂၃ ရက်မှာ ပြောပါတယ်။
မီးဘေးကာကွယ်ရေးဗျူရို (BFP) က စုံစမ်းစစ်ဆေးရေးမှူးတွေဟာ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စစ်ဆေးနေပြီး လျှပ်စစ်ဝါယာရှော့ခ်ကနေ အစပျိုး လောင်ကျွမ်းခဲ့တာ ဖြစ်နိုင်ကြောင်း ကနဦး တွေ့ရှိထားပါတယ်။
Source: Reuters




