
မတော်တဆကားတိုက်မှုနဲ့ ကွယ်လွန်သွားတဲ့ လီဗာပူး ကစားသမား ဒီယေဂိုဂျိုတာရဲ့ မိသားစုကို စာချုပ်သက်တမ်းကုန်တဲ့အထိ လစာ ဆက်လက်ပေးချေတဲ့ အပေါ် အသင်းပိုင်ရှင်ကို နည်းပြအာနဲစလော့က ချီးကျူးသွားပါတယ်။
ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာနဲ့ ညီဖြစ်သူ အန်ဒရေတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်က လီဗာပူးအသင်ဆီပြန်လာနေစဉ် စပိန်နိုင်ငံမှာ ကားမတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တာပါ။
ဂျိုတာဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန် သေးတာကြောင့် လက်ကျန်လစာတွေကို မိသားစုဆီဆက်လက် ပေးချေဖို့ လီဗာပူးအသင်းက ဆုံးဖြတ်ခဲ့တာပါ။
အသင်းပိုင်ရှင်တွေက နည်းပြတယောက်လို ဝေဖန်ခံရတတ်ပေမဲ့ ဂျိုတာရဲ့ အခြေအနေအပေါ် လီဗာပူးအသင်းပိုင်ရှင်တွေ လုပ်ဆောင်သွားတာက ဘောလုံးလောကမှာတော့ သာမန်ကိစ္စ မဟုတ် ကြောင်း နည်းပြစလော့က ပြောပါတယ်။
ဒါ့အပြင် ကွယ်လွန်သူဂျိုတာအပေါ် အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေနဲ့ ကစားသမားတွေရဲ့ အပြုအမူတွေအပေါ်မှာလည်း နည်းပြစလော့က ချီးကျူးပါတယ်။
ဂျိုတာဟာ လီဗာပူးမှာ တပတ်လုပ်ခ ပေါင် ၁၄၀,၀၀၀ လောက်ရရှိနေသူ ဖြစ်ပြီး လက်ကျန် ၂ နှစ်သက်တမ်းအတွက် စုစုပေါင်း ပေါင် ၁၄ သန်းလောက် လီဗာပူးက ပေးချေသွားရမှာဖြစ်ပါတယ်။
Photo: Reuters




