
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း၊ နိုင်ဂျာပြည်နယ်မှာ အောက်တိုဘာ ၂၁ ရက်က လောင်စာဆီကန် တင်ဆောင်ထားတဲ့ မော်တော်ယာဉ် တိမ်းမှောက် ပေါက်ကွဲပြီးတော့ အနည်းဆုံး လူ ၃၅ ယောက် သေဆုံးခဲ့ကြောင်း ဖက်ဒရယ် လမ်းလုံခြုံဘေးကင်းရေးတပ်ဖွဲ့ (FRSC) က ပြောပါတယ်။
မော်တော်ယာဉ်ဟာ လမ်းချော်ပြီးတော့ ဓာတ်ဆီတွေ ယိုဖိတ် မှောက်ကျပြီးတော့ တိမ်းမှောက်သွားပြီး မကြာခင်လေးမှာပဲ မီးလောင်သွားခဲ့တာဖြစ်ကြောင်း နိုင်ဂျာပြည်နယ်ရှိ FRSC ဌာနမှူး အိုက်ရှာတူ ဆားဒူက ပြောပါတယ်။
အာဖရိကရဲ့ လူဦးရေအထူထပ်ဆုံး နိုင်ငံမှာ ပိုက်လိုင်း အခြေခံအဆောက်အဦတွေ အကန့်အသတ် ရှိတာကြောင့် ရေနံထွက်ကုန်တွေကို မော်တော်ယာဉ်တွေနဲ့ ကားလမ်းကနေ သယ်ယူပို့ဆောင်ရတဲ့ အတွက် ဒီလိုဖြစ်ရပ်တွေကို ကြုံရလေ့ရှိပါတယ်။
ချိုင့်တွေ အပေါက်တွေနဲ့ ပြုပြင်ထိန်းသိမ်းမှု မရှိသလောက်ဖြစ်တဲ့ လမ်းတွေကြောင့် လမ်း/ယာဉ် မတော်တဆဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပွားပြီးတော့ နှစ်စဉ် လူပေါင်း ဒါဇင်ချီ အသက်တွေ ဆုံးရှုံးနေရပါတယ်။
Source: Reuters


