
နိုင်ဂျီးရီးယားလက်ရွေးစင် ဘောလုံးအသင်းသားတွေ လိုက်ပါလာတဲ့ လေယာဉ်ဟာ လေကာမှန်ကွဲပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
နိုင်ဂျီးယားအသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်က လီဆိုသိုအသင်းနဲ့ တောင်အာဖရိကနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက်က အမိမြေဆီ အပြန်မှာ ဖြစ်ပွားခဲ့တာပါ။
လေကာမှန်ကွဲအက်ခဲ့တာကြောင့် အန်ဂိုလာနိုင်ငံဆီ လေယာဉ်အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် နိုင်ဂျီးရီးယားအစိုးရက နောက်ထပ်လေယာဉ်တစင်းနဲ့ ပြန်လာဖို့ စီစဉ်ခဲ့တာပါ။
နိုင်ဂျီးရီးယားအသင်းဟာ အန်ဂိုလာက အစားထိုးလေယာဉ်နဲ့အတူ အောက်တိုဘာ ၁၂ ရက်မှာ နိုင်ဂျီးရီယားနိုင်ငံဆီ ဘေးကင်းစွာနဲ့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
နိုင်ဂျီးယားအသင်းမှာ ဥရောပလိဂ်အခြေအစိုက် ကစားသမားတွေ အပါအဝင် ပရီးမီးယားလိဂ် ကစားသမား ၃ ယောက်လည်း ပါဝင်ပြီး လေယာဉ်လေကာမှန် ကွဲအက်ပြီး အရေးပေါ်ဆင်းသက်ခဲ့ရ တဲ့အပေါ်စိုးရိမ်မှုတွေလည်း ရှိခဲ့ပါတယ်။
အုပ်စု တတိယနေရာမှာ ရပ်တည်နေတဲ့ နိုင်ဂျီးရီးယားဟာ နောက်ဆုံးပွဲစဉ်မှာ ပထမနေရာက ဘီနင်နဲ့ တွေ့ဆုံနေပြီး အနိုင်ရမယ်ဆိုရင် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို မျှော်လင့်ချက်ရှိနေဆဲ ဖြစ်ပါတယ်။


