
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အဖွဲ့တွေဟာ ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုတွေကို ဘယ်လိုပြန်လည်စတင်ရမယ် ဆိုတာကို အကဲဖြတ်ဖို့ အောက်တိုဘာ ၁၅ ရက်က ဂါဇာ ကျန်းမာရေးအဆောက်အဦ ၃ နေရာဆီ လာရောက်ခဲ့ကြပြီး အဲဒီနေရာမှာ လုပ်ဆောင်နိုင်စွမ်း မပြည့်စုံသေးတာနဲ့ ဆေးဝါးပစ္စည်းတွေ ရှားပါး ချို့တဲ့နေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဂါဇာကမ်းမြောင်အတွင်း လူပေါင်း ၄၂,၀၀၀ လောက်ဟာ ဘဝကို အပြောင်းအလဲကြီးစေတဲ့ ဒဏ်ရာတွေနဲ့ ရှင်သန်နေထိုင်နေရပြီး အရေးပေါ်ပြန်လည်ကုသဖို့ လိုအပ်နေကြောင်း အေဂျင်စီက ပြောပါတယ်။
ဂါဇာကမ်းမြောင်ရဲ့ အဓိက ပြန်လည်ထူထောင်ရေးဆေးရုံ အယ်လ်-ဝါဖာ ဆေးရုံဟာ ပိတ်ထားဆဲဖြစ်ပြီး တခြား လည်ပတ်နေတဲ့ ဆေးရုံတွေကလည်း လူနာအမြောက်အမြားကို စီမံထိန်းသိမ်း ဖြေရှင်းနိုင်ဖို့ မလုံလောက်သေးဘူးလို့ WHO က ပြောပါတယ်။
WHO မှ အထူးပညာရှင် ကလဲရ်အိုရွိုင်လီက “ဒီစစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူပေါင်း ၁၇၀,၀၀၀ နီးပါးရှိပြီး ရုပ်ပိုင်းဆိုင်ရာကုထုံး၊ လုပ်ငန်းခွင်ကုထုံး၊ အပြောအဆိုနဲ့ ဘာသာစကား ကုထုံးတွေအတွက် လိုအပ်ချက်က ကြီးမားပါတယ်” လို့ ပြောဆိုပါတယ်။
ကယ်ဆယ်ရေးအေဂျင်စီ အများအပြားဟာ ဆေးရုံတွေ လည်ပတ်မှု မရှိသလောက်ဖြစ်နေတဲ့ မြောက်ဘက်ကို အပြည့်အဝ ပြန်မရောက်လာသေးကြောင်း ကမ္ဘာလုံးဆိုင်ရာ ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့ဖြစ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က မကြာသေးခင်က ပြောကြားခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသက အရပ်သား အများအပြားဟာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမမီနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
Source:Reuters




