Home
မြန်မာသတင်း
အွန်လိုင်းလောင်းကစားရုံကို ဝင်စီးပြီး တရုတ် ၁၅ ဦးကို ဖမ်းဆီးလွှဲပေးခဲ့ဟု စစ်တပ် ထုတ်ပြန် 
DVB
·
October 20, 2025
Photo: DSINFO

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းလောင်းကစားရုံတွေကို စစ်ကောင်စီတပ် ဝင်စီးပြီး တရုတ်နိုင်ငံသား ၁၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၉ ရက်မှာ ကရင်ပြည်နယ်အတွင်းက မြဝတီ-ရွှေကုက္ကို၊ မဲ့ထော်သလေး (KK Park) နဲ့ ကျောက်ခက်နယ်မြေက အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှု၊ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက် လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ မှတ်တမ်းတွေ စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။

ဒါ့အပြင် KK Park  ကို ဝင်ရောက်စီးနင်းခဲ့တာမှာ အတွင်းမှ ထူးခြားလက္ခဏာမတွေ့ပေမဲ့ တရားမဝင်  Star Link စလောင်း  အစုံ ၃၀  နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်ကနေ အောက်တိုဘာ ၁၉ ရက်အထိ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၅၅၁ ယောက်ကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး အဲဒီထဲက ၉,၃၃၇ ယောက်ကို ထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ပြည်လည် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဩဇာခံ ကရင်နယ်ခြားစောင့်တပ် (BGF) စိုးမိုးထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် ရွှေကုက္ကို၊  KK Park ဟာ တရားမဝင် ကျားဖြန့်ငွေလိမ်ဂိုဏ်တွေ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ ကမ္ဘာမှာ  နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ နေရာဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013