Home
နိုင်ငံတကာ
ရွှေဈေးစံချိန်တင် တက်သွားပြီးတဲ့နောက် အိန္ဒိယတွင် ရွှေဝယ်လိုအားကျဆင်း
DVB
·
October 19, 2025

ရွှေစျေးက စံချိန်တင်မြင့်တက်နေလို့ အိန္ဒိယရဲ့ ရွှေဝယ်ပွဲတော်မှာ အောက်တိုဘာ ၁၈ ရက်က လက်ဝတ်ရတနာ ဝယ်လိုအားကျဆင်းသွားပါတယ်။

ရွှေဈေးတွေ မြင့်တက်နေလို့ အိန္ဒိယဝယ်လက်တွေကို လက်ဝတ်ရတနာအဟောင်းတွေကို အသစ်နဲ့ လဲဖို့ ဒါမှမဟုတ် ငွေအသွင်ပြောင်းဖို့ တွန်းအားပေးခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ရွှေသုံးစွဲသူ အိန္ဒိယနိုင်ငံမှာ ဒန်တီရက်စ်လို့ ခေါ်တဲ့ ရွှေဝယ်တဲ့ ပွဲတော်ဟာ ၅ ရက်ကြာ ဒီဝါလီ မီးထွန်းပွဲတော်ရဲ့  အစပြုခြင်း ဖြစ်ပါတယ်။

ချမ်းသာကြွယ်ဝမှုကို စောင့်ရှောက်တဲ့ နတ်သမီးကို ရှိခိုးပြီး ကံကောင်းစေဖို့ ပစ္စည်းတွေ ဝယ်ကြတဲ့ အစဉ်အလာလည်း ရှိနေလို့ ရွှေဝယ်ယူမှုအများဆုံး နေ့တွေထဲက တခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒန်တီရက်စ်ကာလအတွင်း ရွှေရောင်းချမှုဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ထုထည်နှုန်းထားအရ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ လျော့ကျသွားပေမဲ့ ဈေးနှုန်းတွေ မြင့်နေလို့ စုစုပေါင်းတန်ဖိုး သိသိသာသာ မြင့်တက်လာတယ်လို့ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကျောက်မျက်ရတနာနဲ့ လက်ဝတ် လက်စား ဆိုင်ရာ ပြည်တွင်းကောင်စီက ပြောပါတယ်။

ရွှေစျေးဟာ အောက်တိုဘာ ၁၇ ရက်မှာ ၁၀ ဂရမ်ကို ၁၂၇,၀၀၈ ရူပီးနဲ့ စံချိန်တင် အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး မနှစ်က ဒန်တီရက်စ် ပွဲတော်ကာလကထက် ၆၀ ရာခိုင်နှုန်း  တိုးမြင့်လာခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013