Home
သတင်းဓာတ်ပုံ
ထရမ့်ပ်ဆန့်ကျင်ရေး 'No Kings' ဆန္ဒပြပွဲများ အမေရိကန်နိုင်ငံအနှံ့ ပြုလုပ် (ဓာတ်ပုံ)  
DVB
·
October 19, 2025
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters

အမေရိကန် မြို့တော် ဝါရှင်တန်ဒီစီအပါအဝင် နိုင်ငံတဝန်းမှာ  သမ္မတထရမ့်ပ်ကို ဆန့်ကျင်တဲ့  ရာထောင်ချီတဲ့ "No Kings" ဆန္ဒပြပွဲတွေ အောက်တိုဘာ ၁၈ ရက်က ပြုလုပ်ခဲ့ကြပါတယ်။  

“No Kings” ဆန္ဒပြပွဲပေါင်း ၂,၆၀၀ ကျော်ကို စနေနေ့က အမေရိကန်ရဲ့ပြည်နယ် ၅၀ စလုံးမှာ ကျင်းပခဲ့ပြီး  ဆန္ဒပြသူတွေ သိန်းနဲ့ချီပါဝင်  ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

လွတ်လပ်ရေးရုပ်တု ပုံပါတဲ့ အင်္ကျီကို ၀တ်ဆင်ထားတဲ့ ဆန္ဒပြသူ အဲလစ်ဆန် အီးလီးယက်က  “ဒီမိုကရေစီအတွက် ကျနော်တို့ရဲ့ ထောက်ခံမှုနဲ့ မှန်ကန်တဲ့အရာကို တိုက်ပွဲဝင်ဖို့ ပြသချင်ပါတယ်”လို့ ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပညာရေးကနေ အမျိုးသားလုံခြုံရေးနဲ့  ကျန်းမာရေးစောင့်ရှောက်မှုအထိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မူဝါဒတွေနဲ့အတူ အစိုးရနဲ့ ဒီမိုကရေစီစံနှုန်းတွေကို ထင်ဟပ်ပြီး လူထုဆန္ဒပြပွဲတွေဟာ ဇွန်လကစတင် ပေါ်ပေါက်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၁၀ လ လောက်က ထရမ့်ပ် သမ္မတ ဖြစ်လာပြီးကတည်းက သူ့အစိုးရအဖွဲ့ဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းမာမှုတွေကို အရှိန်မြှင့်ရင်း ပြည်ထောင်စု လုပ်သားအင်အားကို လျှော့ချဖို့ ကြိုးစားခဲ့တာပါ။

ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းစစ်ပွဲကို ဆန့်ကျင်တဲ့ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြမှုတွေ၊ တိုင်းရင်းသားနဲ့ လူမျိုးရေး ကွဲပြားမှု အရေးတွေ၊ လိင်ပြောင်းအားကစားသမားတွေအရေး ဆန္ဒပြပွဲတွေကို ခွင့်ပြုခဲ့တဲ့၊ ထိပ်တန်းတက္ကသိုလ်တွေကို ရန်ပုံငွေဖြတ်တောက်ခဲ့ပါတယ်။

မြို့ကြီးတချို့မှာ နေထိုင်သူတွေဟာ သမ္မတက စေလွှတ်ထားတဲ့ အမျိုးသား အစောင့်တပ်တွေကို တွေ့မြင်ခဲ့ရပါတယ်။ ဒီတပ်ဟာ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေကို အကာအကွယ်ပေးဖို့နဲ့ ရာဇ၀တ်မှုတွေကို နှိမ်နင်းဖို့ လိုအပ်တယ်လို့လည်း ပြောခဲ့ပါတယ်။

ထရမ့်ပ်ဟာ နိုင်ငံကို အာဏာရှင်စနစ်ဆီသို့ တွန်းပို့နေတယ်လို့ ပွဲစီစဉ်သူတွေက ပြောရင်း ထရမ့်ပ်ရဲ့ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒတွေကို ဆန့်ကျင်တဲ့ အစုလိုက်အပြုံလိုက် စည်းရုံးနေပါတယ်။

အခြေခံလူတန်းစားအဖွဲ့ ၃၀၀ ကျော်က ချီတက်ပွဲတွေကို စနေနေ့က စီစဉ်ပေးခဲ့တယ်လို့ ဂရင်းဘာ့ဂ်က ပြောပါတယ်။

အမေရိကန် အရပ်ဘက် လွတ်လပ်ခွင့်များသမဂ္ဂက ချီတက်ပွဲ အသီးသီးမှာ ပွဲထိန်းတွေအဖြစ် ဆောင်ရွက်မယ့် လူထောင်ပေါင်းများစွာကို တရားဥပဒေဆိုင်ရာ သင်တန်းတွေ ပေးထားပြီး တင်းမာမှု လျော့ပါးစေဖို့ လေ့ကျင့်ပေးထားတယ်လို့ ပြောပါတယ်။

ဆန္ဒပြပွဲအတွက် လူတွေ ထွက်လာအောင် တွန်းအားပေးဖို့ ဆန္ဒပြပွဲ ကြော်ငြာတွေနဲ့  အချက်အလက်တွေက ဆိုရှယ်မီဒီယာကို လွှမ်းမိုးထားပါတယ်။

ဗြိတိန်မြို့တော် လန်ဒန်က အမေရိကန် သံရုံးအပြင်ဘက်မှာလည်း ထရမ့်ပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ လူရာချီ ပူးပေါင်းခဲ့ပါတယ်။

ဂျာမနီနိုင်ငံမြို့တော် ဘာလင်မှာလည်း အောက်တိုဘာ ၁၈ ရက်မှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

“သူတို့က ကျနော့်ကို ဘုရင်တပါးလို့ ရည်ညွှန်းနေတာ၊ ကျနော်က ဘုရင်မဟုတ်ဘူး” လို့ ထရမ့်ပ်က သောကြာနေ့က ထုတ်လွှင့်ခဲ့တဲ့ Fox Business နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013