Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၇ ဦး KNLA ထံ အလင်းဝင်
DVB
·
October 18, 2025
KNLA တပ်ရင်း ၉ ထံ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ၇ ဦး

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ဆီကို အောက်တိုဘာ ၁၅ ရက်က အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၇၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၇ ယောက် အလင်းဝင်လာကြတယ်လို့ သိရပါတယ်။

အလင်းဝင်လာကြသူတွေကတော့ ကျော်ဇေယျ (အသက် ၂၂ နှစ်)၊ သီဟနိုင် (၂၇ နှစ်)၊ အောင်မျိုးဦး (၃၆ နှစ်)၊ စည်သူဟိန်း (၂၀ နှစ်)၊ မောင်မှောက် (၂၆ နှစ်)၊ သန်းနိုင်ဦး (၃၃ နှစ်) နဲ့ ရာဇာထက် (၂၄ နှစ်) တို့ ၇ ယောက် ဖြစ်ပါတယ်။

သူတို့ဟာ စစ်မှုထမ်းအပတ်စဉ် ၇၊ ၁၀ နဲ့ ၁၃ တို့မှ သင်တန်းသားတွေဖြစ်ကြပြီး သန်းနိုင်ဦးနဲ့ ရာဇာထက်တို့ကတော့ ရောင်းစားခံရပြီး စစ်မှုထမ်းခဲ့ကြသူတွေလို့ သိရပါတယ်။ 

အလင်းဝင်လာသူတွေမှာ လက်နက်တွေ မပါလာပေမဲ့ လယ်ဒိုမြို့နယ်တာဝန်ရှိသူတွေက နေရာထိုင်ခင်း၊ အစားအသောက်နဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးအပ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ မတရားစစ်မှုထမ်းစေခိုင်းခံနေရတဲ့ တပ်သားတွေအနေနဲ့ မိမိတို့နဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ရရာနည်းနဲ့ လက်နက်ချ အလင်းဝင်ဘက် ပြောင်းခိုလှုံကြဖို့ KNU က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013