Home
မြန်မာသတင်း
စစ်တပ်က အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်ဟု RCSS ထုတ်ပြန် 
DVB
·
October 17, 2025

တပ်မတော်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရပ်တန့်သွားစေခဲ့တယ်လို့  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က  အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်  ထုတ်ပြန်ချက်ထဲမှာ ခုလိုထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

NCA ကို ရည်မှန်းချက်အတိုင်း အကောင်အထည်မဖော်နိုင်တာဟာ နှစ်ဦးနှစ်ဖက်ကြား ယုံကြည်မှုမတည်ဆောက်နိုင်တာ၊ နှစ်ဦး နှစ်ဖက် လက်မှတ်ထိုးထားတဲ့ သဘောတူစာချုပ်အတိုင်း အကောင်အထည်မဖော်နိုင်တာ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ရောက်သွားအောင် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးတာ၊  အစိုးရအနေနဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး အတွက် စိတ်အားထက်သန်မှု နည်းပါးတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ 

အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့အတွက် တပ်မတော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAOs တွေနဲ့ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့၊ ဆွေးနွေးပွဲအဆင့် ၁ မှာ တပ်မတော် နဲ့ EAOs တွေ ဆွေးနွေးပြီး သဘောတူညီချက်အရင်ရယူဖို့၊ အဆင့် ၂ မှာ နိုင်ငံရေး ပါတီတွေပါ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲပြုလုပ်ဖို့၊ ဆွေးနွေးပွဲမှာ နိုင်ငံတကာ အသိသက် သေတွေ ပါဝင်စေဖို့၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ဖက်ဒရယ်မူကို အဓိကထားဆွေးနွေးဖို့၊ နိုင်ငံရေးဆွေး နွေးပွဲက ရလာတဲ့ သဘောတူချက်တွေကို လွှတ်တော်ကို တင်သွင်းပြီး ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းဖို့ စတဲ့အချက်တွေကို အကြံပြုထားပါတယ်။ 

NCA ရဲ့ အနှစ်သာရဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အဘက်ဘက်က တွေ့ဆုံဆွေးနွေးနည်းလမ်းနဲ့ အကောင်အထည်ဖော်သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားတွေအနေနဲ့ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီး လုပ်နေလို့ မရဘူးလို့ NCA ၁၀ နှစ်ပြည့်ပွဲမှာ ပြောဆိုလိုက်ပါတယ်။

Source:  Tai Freedom 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013