ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၆ ရက် ည ၆ နာရီ ၁၈ မိနစ်လောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မိုးမိတ်မြို့ တောင်ပိုင်းရပ်ကွက် အမှတ် ၂ အခြေခံပညာမူလတန်းကျောင်းအနီးက လူနေအိမ်တလုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ရဲ့ တောင်ဘက်လမ်းမပေါ်မှာ တလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“လာချသွားတာက ၂ လုံးပါ။ နေအိမ်မှာတလုံး၊ လမ်းမအလယ်မှာ တလုံးကျတယ်။ အိမ်ရှင် ထိခိုက်ဒဏ်ရာရသွားတယ်။ ပွန်းပဲ့ရုံလောက်လေးပဲ။"
ဗုံးထိမှန်တာကြောင့် လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။ အောက်တိုဘာ ၉ ရက် ညပိုင်းကလည်း မိုးမိတ်မြို့နယ်၊ ဝဲပေါင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေး ၂ ယောက် အပါအဝင် အရပ်သား ပြည်သူ ၇ ယောက် သေဆုံးခဲ့ ပါတယ်။








