
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ ကျေးရွာတောင်ဘက်က စစ်ကောင်စီတပ်ရဲ့ ၆၆၆ ပွိုင့်ကုန်းကို အောက်တိုဘာ ၁၄ ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၄ ရက် မနက် ၉ နာရီ ၅ မိနစ်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃ နာရီလောက်အကြာမှ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာလို့ အောက်တိုဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်လိုက်တာပါ။
ဒါ့အပြင် ပွိင့် ၆၆၆ စခန်းတခုလုံးကို သိမ်းပိုက်ရယူခဲ့ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတချို့၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း တိုက်ရည်ခိုက်ရည်ကောင်းမွန်တဲ့ အာရက္ခစစ်သည်တော်တို့နဲ့အတူ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာလည်း စစ်တွေမြို့ အနီးပတ်ဝန်းကျင်မှာ လက်နက်ကြီး၊ ဒရုန်း အပြန်အလှန်တိုက်ခိုက်မှုတွေဟာ အခုရက်ပိုင်းအတွင်း ပိုမိုပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာ အနီးမှာလည်း အောက်တိုဘာ ၁၅ ရက်၊ နေ့လယ်ပိုင်းက မိနစ်အနည်းငယ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကေခိုင်




