Home
မြန်မာသတင်း
မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ သတ်မှတ်ကြေညာ 
DVB
·
October 16, 2025

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ပြုလုပ်မယ့် အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ပထမပိုင်းအတွက် စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးတာတွေကို ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာ ၂၈ ရက် မနက် ၆ နာရီကနေ ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၆ ပါတီနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုအတွင်းမှာ ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ပါတီ စုစုပေါင်း ၅၇ ပါတီ ရှိပါတယ်။

ဒီ နိုင်ငံရေးပါတီ ၅၇ ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း အပါအဝင် ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄,၉၆၃ ယောက် ရှိပါတယ်။

ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄,၉၆၃ ယောက်ကတော့ ပြည်သူ့လွှတ်အတွက် ၁,၃၃၀ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၈၃၂ ယောက်၊ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်အတွက် ၂,၆၉၆ ယောက်၊ တိုင်းရင်းသားလူမျိုးအတွက် ၁၀၅ ယောက်တို့ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013