
ဂျပန်အသင်းကို (၃-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကနေ သင်ခန်းစာယူကြဖို့ ဘရာဇီးကွင်းလယ်လူ ကတ်စမီရိုက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ဘရာဇီးအသင်းဟာ အောက်တိုဘာ ၁၄ ရက်က ဂျပန်အသင်းနဲ့ ဂျပန်နိုင်ငံမှာ ခြေစမ်းကစားခဲ့ပြီး ဦးဆောင်ဂိုး ၂ ဂိုး အရင်သွင်းခဲ့ပေမဲ့ ဂျပန်အသင်းက ဒုတိယပိုင်း ပွဲချိန် ၅၂၊ ၆၂ နဲ့ ၇၁ မိနစ်တွေမှာ ချေပဂိုး ၂ ဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားတာပါ။
အမြင့်မားဆုံးအဆင့် ပွဲစဉ်မှာ ဒုတိယပိုင်းတပိုင်းလုံး အိပ်မောကျနေမယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ကိုပါအမေရိကနဲ့ အိုလံပစ်ပြိုင်ပွဲတွေမှာ ပေးဆပ်မှု ကြီးသွားနိုင်ကြောင်း၊ ဂျပန်အသင်းကို ရှုံးနိမ့်တဲ့ပွဲစဉ်ဟာ လက်ခံနိုင်စရာမဟုတ်ပေမဲ့ သင်ခန်းစာယူသွားရမယ့် ပွဲစဉ်ဖြစ်ကြောင်း ကတ်စမီရိုက ပြောပါတယ်။
နည်းပြ အန်စလော့တီကတော့ ဘရာဇီးအသင်းသားတွေဟာ ဒုတိယပိုင်းတပိုင်းလုံး ဂျပန်အသင်းရဲ့ တုံ့ပြန်မှုအပေါ် တားဆီးဖို့ စိတ်ဆန္ဒမရှိခဲ့ဘူးလို့ ပြောသွားပါတယ်။




