Home
မြန်မာသတင်း
စစ်တပ်နှင့် PNO က ပြည်သူများကို စစ်ယူနီ‌ဖောင်းဝယ်ခိုင်းပြီး အဓမ္မ ကင်းစောင့်ခိုင်း
DVB
·
October 13, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကွဲကျေးရွာမှာ စစ်တပ်နဲ့ PNO ပြည်သူ့စစ်တို့က အရပ်သားပြည်သူတွေကို စစ်ဝတ်စုံဝယ်ခိုင်းပြီး အဓမ္မကင်းစောင်းခိုင်းခဲ့တယ်လို့ ရွာသားတွေဆီက သိရပါတယ်။

ကင်းစောင့်ခိုင်းတာကို အခု အောက်တိုဘာလပထမပတ်မှာ စတင်ခဲ့ပြီး ကျေးရွာတွင်းရှိ အမျိုးသားတွေ ၁၅ ယောက်တဖွဲ့ခွဲပေးပြီး တဖွဲ့ကို ၅ ရက်စီနဲ့ ကင်းစောင့်ပေးရတယ်လို့ ပြောပါတယ်။

အသက် ၂၈ အရွယ် ရွာခံအမျိုးသားတယောက်က “ရွာနားကလည်း ခဏခဏတိုက်ပွဲဖြစ်တယ်။ အခုလို သူတို့အစား စစ်ယူနီဖောင်းဝတ် သေနတ်ကိုင်ပြီး ကင်းစောင့်ပေးရတော့ မိမိကိုယ်ကိုယ် လုံခြုံရေး အရမ်းစိုးရိမ်ရတယ်။ ကင်းစောင့်နေရင်းနဲ့ သူများ လာရောက်တိုက်ခိုက်မလား တွေးပူတယ်။ သေနတ်သာ ကိုင်ထားတာ၊ သင်တန်းတောင်မပေးဘဲ ခုလိုစောင့်ခိုင်းတော့ ကြောက်တာပေါ့” လို့ ပြောပါတယ်။

ရွာသားတွေအနေနဲ့ ကင်းမစောင့်နိုင်ရင် တရက်ကို ဒဏ်ငွေ ၅၀,၀၀၀ ပေးရပြီး အစားထိုးဖို့ လူလည်း ငှားပေးရတယ်လို့ ပြောပါတယ်။

တောင်ပို့ကွဲကျေးရွာခံတွေဟာ ၂၀၂၅ ခု အစောပိုင်း ကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေကြရပြီး ဩဂုတ်လမှာ PNO ပြည်သူ့စစ်က နေအိမ်အတင်းအဓမ္မ ပြန်လာခိုင်းပြီးနောက် အခုလို ကင်းစောင့်ခိုင်းတာလို့ ပြောပါတယ်။

ဖယ်ခုံ-ညောင်ရွှေ နယ်စပ်မှာရှိပြီး  အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ တောင်ပို့ကွဲကျေးရွာအနီး တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013