
အကူအညီပေးရေး ထရပ်ကားတွေဟာ အောက်တိုဘာ ၁၂ ရက်နေ့က အီဂျစ်နိုင်ငံဘက်မှာရှိတဲ့ ရာဖာနယ်စပ်ကိုဖြတ်ပြီး ဂါဇာနိုင်ငံအတွင်းကို ဝင်ရောက်လာပါပြီဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီးတဲ့နောက်မှာ လူသားချင်းစာနာမှုအကူအညီတွေ ဂါဇာကို အရှိန်အဟုန်နဲ့ ဝင်ရောက်တော့မှာဖြစ်ပါတယ်။
ဂါဇာမှာရှိတဲ့ တောင်နဲ့မြောက်ကို ဆက်သွယ်ထားတဲ့ အဓိကလမ်း ၂ လမ်းအသုံးပြုခွင့်ရရှိထားတာကြောင့် နေ့စဉ် အစားအသောက်နဲ့ ဆေးဝါးကူညီမှုကား အစီးရေ ရာချီပြီး ဝင်ရောက်ဖို့ မျှော်လင့်ထားပါတယ်။
အကူအညီပေးရေး ထရပ်ကားတွေမှာ အစားအသောက်၊ ဆေးဝါး၊ အမိုးအကာပစ္စည်းများ၊ လောင်စာဆီနဲ့ မီးဖိုချောင်သုံးဓာတ်ငွေ့တို့ အများဆုံးသယ်ဆောင်မှာဖြစ်ပါတယ်။
ဒါအပြင် မိလ္လာပိုက်၊ ရေပိုက်ပြင်ဆင်တဲ့ လိုအပ်တဲ့ကိရိယာတွေနဲ့ မုန့်ဖိုတွေပြန်ဆောက်ဖို့ လိုအပ်တာတွေ ပါဝင်တယ်လို့ အစ္စရေး လုံခြုံရေးအဖွဲ့က ပြောပါတယ်။
အစ္စရေးနိုင်ငံဘက်ကလည်း ဂါဇာကို အကူအညီပေးရေး ကားတွေ ဒါဇင်နဲ့ချီပြီး တနင်္ဂနွေနေ့က ဝင်ရောက်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ အီဂျစ်မှာလုပ်မယ့် နိုင်ငံ ၂၀ ကျော်က ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် စတာမာတို့ တက်ရောက်ဖွယ် ရှိပါတယ်။
Source: Reuters




