Home
နိုင်ငံတကာ
အသက် ၁၀၀ အထိ ရာထူးတာဝန်ထမ်းဆောင်နိုင်ရန် ကင်မရွန်းသမ္မတ ရွေးကောက်ပွဲဝင် 
DVB
·
October 10, 2025
Photo :Reuters

ကင်မရွန်းနိုင်ငံရဲ့ အသက် ၉၂ နှစ်ရှိ သမ္မတ ပေါလ်ဘီယာဟာ သူ့အသက် ၁၀၀ နီးပါးအထိ ရာထူး တာဝန်ထမ်းဆောင်နိုင်ဖို့ အောက်တိုဘာ ၉ ရက်မှာ အဋ္ဌမမြောက်သက်တမ်းအတွက် အရွေးခံ နေတာပါတယ်။

သမ္မတဟာ သူ့ရဲ့တသက်တာ အုပ်ချုပ်ရေးကို စိတ်ပျက်နေကြမှုနဲ့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်ဟောင်း တယောက်ရဲ့ အားကောင်းလှတဲ့ ယှဉ်ပြိုင်မှုကို ကျော်လွှားနိုင်ဖို့ လည်း ကြိုးပမ်းနေပါတယ်။

သမ္မတဘီယာဟာ ၁၉၈၂ ခုနှစ်မှာ အာဏာရလာပြီးကတည်းက အာဏာကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့ပြီး  ၂၀၀၈ ခုနှစ်မှာ သမ္မတသက်တမ်း ကန့်သတ်ချက်ကို ဖယ်ရှားခဲ့ပြီးနောက်မှာတော့ ရွေးကောက်ပွဲတိုင်းမှာ အလွယ်တကူပဲ ပြန်လည်အနိုင်ရရှိနေခဲ့တာပါ။

သူ့အစိုးရဟာ မဲလိမ်ထည့်တာနဲ့ ပြိုင်ဘက်တွေကို ဘေးဖယ်ပစ်လိုက်နိုင်ဖို့ တရားရုံးတွေကို ကြိုးကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ 

၂၀၁၈ ရွေးကောက်ပွဲမှာ  သမ္မတဘီယာရဲ့ ထိပ်တန်းစိန်ခေါ်သူ မောရစ်စ် ကမ်တိုဟာ အခု တကြိမ်မှာ လည်း အရည်အချင်းမပြည့်မီဘူး ဆိုပြီး ဖယ်ရှားခံရပြန်တာဖြစ်ပြီး လက်ကျန်ပြိုင်ဘက်တွေဟာ တဦးတည်းသော ကိုယ်စားလှယ်လောင်းကို ဝိုင်းရံဖို့ ပျက်ကွက်ခဲ့ကြတာကြောင့် သမ္မတ ဘီယာရဲ့ အနိုင်ရနိုင်ခြေ အခွင့်အလမ်းကို ပိုမိုမြင့်တက်ခဲ့ပြန်ပါတယ်။

ဘီယာဟာ လူမြင်ကွင်းမှာ ပေါ်လာလေ့ သိပ်မရှိတာကြောင့် သူ့ကျန်းမာရေး ချို့တဲ့နေပြီ ဆိုတဲ့ ထင်ကြေးတွေ ပိုများနေပါတယ်။  မနှစ်တုန်းက အစိုးရဟာ သမ္မတရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လူထုဆွေးနွေးခြင်းကို တားမြစ်ခဲ့ပါတယ်။ 

ပြည်သူတွေကတော့  အခြေအနေတွေက ဘာမှတိုးတက်ပြောင်းလဲတာ မရှိဘဲ ပိုတောင် ဆိုးလာတယ် လို့ မှတ်ချက်ပေးကြပါတယ်။ 

လက်ရှိအစိုးရက ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ခြေကုပ်ယူထားတာကြောင့် ကင်မရွန်း ရွေးကောက်ပွဲဆိုင်ရာ ELECAM ကို နယ်မြေအုပ်ချုပ်ရေးဝန်ကြီးဌာနက ထိန်းချုပ်ထားတဲ့ စနစ် တခု ရှိနေတာကြောင့် ကိုယ်တိုင် မဲပေးပြီး ကိုယ်စားလှယ်လောင်း တဦးကို ရွေးချယ်လို့ရတယ် ဆိုတဲ့ အယူအဆကို မျှော်လင့်ချက် မဲ့သွားစေတယ် လို့ ဆိုကြပါတယ်။ 

စစ်အုပ်စုဟာ ELECAM အဖွဲ့မှာ သူ့လူတွေကို ခန့်အပ်ထားတာကြောင့် အတိုက်အခံပါတီအတွက် တရားမျှတမှု မရှိဘူး လို့လည်း ဆိုပါတယ်။ 

ပြည်သူတွေ မဲပေးရွေးချယ်နိုင်တဲ့ သမ္မတ ရရှိဖို့နဲ့ ပြည်သူကို တာဝန်ခံနိုင်တဲ့ သမ္မတ ဖြစ်အောင် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ပဲ ဆန္ဒရှိတယ်လို့ ပြောဆိုကြပါတယ်။ 

Source:Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024