Home
မြန်မာသတင်း
Beauty Land Hotel လူသတ်မှုတွင် အလောင်းဖျောက်ပေးသည့် အမျိုးသမီး ၁ ဦး ထပ်ဖမ်းမိ
DVB
·
October 8, 2025

ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ Beauty Land Hotel မှာ အမျိုးသမီးတယောက်ကို ဓားနဲ့ ခုတ်သတ်ခဲ့သူနဲ့ အလောင်းဖျောက်ပေးတဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြစ်မှုကျူးလွန်သူ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်ကို သာကေတမြို့နယ် အမှတ် ၇ ရပ် ကွက်အရှေ့မှာ ဖမ်းမိခဲ့ပြီး အလောင်းဖျောက်ပေးခဲ့တဲ့ ရည်းစားဖြစ်သူ အသက် ၁၈ နှစ်အရွယ် မအေမွန်အောင်ကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရကနေ ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

"အသတ်ခံရတဲ့ ကောင်မလေး နတ္တလင်းက မစုမြတ်ဝင်းလို့ခေါ်တယ်။  သတ်တဲ့ကောင်လေးက လူသတ်ကားတွေအကြည့်များပြီး စိတ္တဇဆန်ဆန် ဓား ၂ ချောင်းနဲ့ လှီးဖြတ်တာ။ သတ်ပြီးတော့ ဗဟန်းက သူကောင်မလေးက အခန်းကို သန့်ရှင်းရေးလာလုပ်ပေးတာ။  လက်ရှိတော့ စစ်ဆေးနေတယ်။” 

အောက်တိုဘာ ၅ ရက်က မစုမြတ်ဝင်းကို ခန့်ကျော်ဇင်က လူမှုကွန်ရက်မှာ ချိန်းဆိုပြီး အခ ကြေးငွေနဲ့   Beauty Land Hotel အခန်းနံပါတ် ၅၀၂ မှာ ပျော်ပါးကာ ဓား ၂ ချောင်းနဲ့ တစစီ ခုတ်ထစ်သတ်ဖြတ်ခဲ့ပြီး ရည်စားဖြစ်သူကလည်း အခန်းကို သန့်ရှင်းရေးလာလုပ်ပေးခဲ့တယ်လို့သူ က ရှင်းပြပါတယ်။

လက်တလောမှာ ပြစ်မှုကျူးလွန်သူ အောင်ခန့်ကျော်ဇင်နဲ့ မအေမွန်အောင်တို့ကို ပန်းဘဲတန်းမြိုနယ်ရဲစခန်းက (ပ)အမှတ် ၄၂/၃၀၂ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013