
နာမည်ကြီး တင်းနစ်ချန်ပီယံ နိုဗက်ဂျိုကိုဗစ်ဟာ အောက်တိုဘာ ၅ ရက်က တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ရှန်ဟိုင်းအိုးပင်း တန်းနစ်ပြိုင်ပွဲမှာ ဂျာမနီကစားသမား ယန်နစ်ခ် ဟန်ဖမန်ကို ရှုံးနေခဲ့ရာကနေ ၂ နာရီနဲ့ ၄၂ မိနစ်အကြာထိ ကစားပြီး အနိုင်ပြန်ရရှိခဲ့ပါတယ်။
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဆားဗီးယားသားဟာ ရှန်ဟိုင်းရဲ့ ပူပြင်းစိုထိုင်းတဲ့ ရာသီဥတုမှာ ရုန်းကန်ခဲ့ရပြီး ၄–၆၊ ၇–၅၊ ၆–၃ နဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် ၁၆ ယောက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး စပိန်နိုင်ငံသား ဂျောင်မူနားနဲ့ ထပ်မံယှဉ်ပြိုင်ရတော့မှာပါ။
ကမ္ဘာ့ထိပ်တန်းအဆင့် သတ်မှတ်ခံထားရတာမရှိတဲ့ စပိန်တန်းနစ်ကစားသမား မူနားဟာ ဂျပန်က ယိုရှီဟီတို နီရှိအိုကာကို ၆–၄၊ ၅–၇၊ ၆–၁ နဲ့ အနိုင်ရရှိပြီး နောက်တဆင့် တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။