
တရုတ်နိုင်ငံ အရှေ့ပိုင်းကို အပူပိုင်းမုန်တိုင်း ရောက်လာလို့ မိုးသည်းထန်နေတဲ့အတွက် စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာ ဒေသခံ အယောက် ၂၈၀,၀၀၀ ကျော်ကို ဇူလိုင် ၂၉ ရက် ညကတည်းက ဘေးလွတ်ရာ ရွှေ့ထားရတယ်လို့ CCTV သတင်းဌာနက ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ကိုမေမုန်တိုင်းက အပူပိုင်းမုန်တိုင်းအဖြစ် ကျဲ့ကျန်းပြည်နယ် ကျိုးရှန်းဆိပ်ကမ်းမြို့ကနေ ကုန်းတွင်းကို ဝင်ရောက် တိုက်ခတ်နေတာပါ။
ဇူလိုင် ၃၀ ရက် အစောပိုင်းမှာ လေတိုက်နှုန်း တနာရီကို ၈၃ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်နေတယ်လို့ တရုတ်အစိုးရမီဒီယာက ပြောပါတယ်။
မုန်တိုင်းကြောင့် ရှန်ဟိုင်းနဲ့ တခြားမြို့တွေမှာ လေကြောင်းခရီးစဉ်တွေနဲ့ ရထားခရီးစဉ်တွေကို ဖျက်သိမ်းထားရပြီး စာသင်ကျောင်းတွေကို ပိတ်ထားရပါတယ်။ ဘေးအန္တရာယ်ရှိမယ့် ဒေသတွေက လူတွေကိုလည်း ရွှေ့ထားရပါတယ်။
ကိုမေမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ရှန်ဟိုင်းမြို့နဲ့ ပိုနီးတဲ့ နေရာကနေ နောက်တကြိမ် ကုန်းတွင်းကို ဝင်ဦးမယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
Source: Reuters