Home
နိုင်ငံတကာ
တရုတ်နိုင်ငံရှိ မြစ် ၁၇ စင်း စိုးရိမ်ရေမှတ်ထက်ကျော်လာ
DVB
·
July 27, 2025

တရုတ်နိုင်ငံမှာ ရက်ဆက်မိုးသည်းထန်နေလို့ နိုင်ငံတဝန်းမှာရှိတဲ့ မြစ် ၁၇ စင်းဟာ ပြီးခဲ့တဲ့ ရေကြီးမှုသတိပေးချက်အဆင့်ထက် ‌မြစ်ရေတိုးလာတယ်လို့ ရေအရင်းမြစ်ဝန်ကြီးဌာနက ပြောပါ တယ်။ 

စနေနေ့ မနက် ၈ နာရီကနေ တနင်္ဂနွေနေ့ မနက် ၈ နာရီကြားထဲမှာ အခုလို မြစ်ရေတိုးလာတာလို့ ပြောဆိုထားတာပါ။ 

ပေကျင်းမှာ မြစ် ၁၆ စင်းရှိပြီး သတိပေးချက် အမှတ်အသားတွေကို ကျော်လာပြီလို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။ 

ပေကျင်းမြို့ရဲ့ အကြီးဆုံးရေလှောင်တမံဖြစ်တဲ့ မီယွန် ရေလှောင်တမံဟာ ဆည်တည်ဆောက်တဲ့ ၁၉၅၉ ခုနှစ်ကစပြီး ပထမဆုံးအကြိမ် အကြီးဆုံးရေလျံလာပါတယ်။ 

မြစ် ၁၇ စင်းအနက် Yarkant မြစ်ဟာ တရုတ်အနောက်မြောက်ပိုင်းမှာ မြစ်ရေတိုးမှုအများဆုံး မြစ်ဖြစ်ပါတယ်။ 

နွေရာသီတုန်းက အပူချိန်မြင့်မားမှုကြောင့် နှင်းတွေအရည်ပျော်ခဲ့တာကလည်း မြစ်ရေတိုးမှုသတ်မှတ်အဆင့်ထက် တိုးလာတာဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

လက်ရှိအချိန်မှာ ဟီဘီ၊ ရှန်ဇီ၊ မွန်ဂိုလီးယားအတွင်းပိုင်း၊ ဖူဂျီအန်၊ ဇီဂျင်း၊ ရှန်ဇီ စတဲ့ ပြည်နယ် ၆ ခုမှာ Level IV အဆင့်အဖြစ် ဝန်ကြီးဌာနက အရေးပေါ်သတ်မှတ်ထားပါတယ်။ 

ဒါပေမဲ့ တရုတ်နိုင်ငံမှာ Level IV အဆင့် သတ်မှတ်ချက်ဟာ အရေးပေါ်အဆင့်တွေထဲမှာ အနိမ့်ဆုံး ဖြစ်ပါတယ်။ 

မိုးသည်းမှုတွေကြောင့် ပေကျင်းက ဆင်ခြေဖုံးမြို့နယ်ဖြစ်တဲ့ မီယွန်မှာ ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ 

မီယွန်ဒေသရဲ့ ရာသီဥတုသတိပေးချက်ဟာ အမြင့်ဆုံးအဆင့် သတိပေးချက်လည်း ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013