Home
နိုင်ငံတကာ
ကမ္ဘာ့အကြီးမားဆုံး မီးပုံးပျံပွဲတော် အမေရိကန်၌ ကျင်းပ
DVB
·
October 6, 2025
Photo: EXXONMOBIL ALBUQUERQUE INTERNATIONAL BALLOON FIESTA

အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကစီကိုပြည်နယ်၊ အဲလ်ဘတ်ကွာကီမြို့မှာ အပြည်ပြည်ဆိုင်ရာ မီးပုံးပျံပွဲတော်ကြီးကို အောက်တိုဘာ ၄ ရက်ကနေ ၁၂ ရက်အထိ ၈ ရက်ကြာ ကျင်းပနေပါတယ်။

၁၉၇၂ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီးနောက် ကမ္ဘာ့အကြီးမားဆုံး မီးပုံးပျံပွဲတော် ဖြစ်လာခဲ့တယ်လို့ ပွဲစီစဉ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

၅၃ ကြိမ်မြောက် ဒီပွဲတော်မှာ ပါဝင်ခဲ့ကြတဲ့ မီးပုံးပျံ ရာနဲ့ချီက ကောင်းကင်ယံတခုလုံးကို အရောင်အသွေး စုံလင်စွာနဲ့ လွှမ်းခြုံနိုင်ခဲ့ပါတယ်။

အဲဒီနောက် မနက်ပိုင်းမှာ “Mass Ascension” ဆိုတဲ့ “အစုအပြုံလိုက် လွှတ်တင်မှု” ကို ပြုလုပ်ခဲ့ကြပြီး မီးပုံးပျံ အလုံးပေါင်း ၅၀၀ ကျော် ပါဝင်လာတာ တွေ့ရပါတယ်။

ဒါဟာ အမေရိကန်မြို့ အဲလ်ဘတ်ကွာကီမှာ အောက်တိုဘာလ ပထမအပတ်တိုင်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲတော်တခုဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024