Home
နိုင်ငံတကာ
ဆုတ်ခွာလိုင်းအထိ တပ်များဆုတ်ရန် အစ္စရေး သဘောတူဟု ထရမ့်ပ် ပြော
DVB
·
October 5, 2025
Photo: Reuters/Kevin Lamarque

အစ္စရေးဟာ ကနဦးဆုတ်ခွာလိုင်းကို သဘောတူတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ဖော်ပြပါတယ်။

ဂါဇာမှာ အစ္စရေးတပ်တွေ ဆုပ်ခွာမယ့်ကိစ္စနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ လိုင်းအထိ ဆုပ်ခွာပေးမှာဖြစ်ပြီး ဟားမတ်စ်တွေကလည်း အစ္စရေးလို ဆုတ်ခွာရမှာ ဖြစ်ပါတယ်။

ထရမ့်ပ်က ဟားမတ်စ်က အတည်ပြုချိန်မှာ အပစ်အခတ်ရပ်စဲရေးကလည်း ချက်ချင်း အသက်ဝင်လာမှာဖြစ်ကြောင်း အကျဉ်းသား လဲလှယ်မယ့်ကိစ္စလည်း စတင်မှာဖြစ်ကြောင်း၊ နောက်တဆင့်ကတော့ အစ္စရေးတွေ ပါလက်စတိုင်းနယ်မြေကနေ ဆုတ်ခွာမှာဖြစ်တဲ့အကြောင်း ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အကျဉ်းသားလဲလှယ်ဖို့ကိစ္စတွေလည်း လာမယ့်ရက်တွေမှာ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောထားပါတယ်။

“ဟားမတ်တွေကို လက်နက်တွေ သိမ်းရမှာပါ။ ဂါဇာမှာရှိတဲ့ တပ်တွေအားလုံးလည်း ဖယ်ရှားရမှာပါ။ လွယ်တဲ့နည်းလမ်း ဒါမှမဟုတ် ခက်ခဲတဲ့နည်းလမ်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ဒါက အောင်မြင်မှုပါ” လို့ နေတန်ယာဟုက ရုပ်သံမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

ဟားမတ်က အမေရိကန်ရဲ့ အစီအစဉ်အောက်မှာ ဓားစာခံတွေကို လွှတ်ပေးဖို့ သဘောတူခဲ့တယ်လို့ သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ဒါပေမဲ့ လက်နက် စွန့်လွှတ်ဖို့နဲ့ တပ်တွေ ရုပ်သိမ်းဖို့တော့ ဖော်ပြထားတာမျိုး မရှိသေးပါဘူး။ အစ္စရေးဟာ ဂါဇာမှာ စနေနေ့မနက်အထိ တိုက်ခိုက်မှုတွေ ဆက်ပြီး ပြုလုပ်နေကြောင်းနဲ့ နိုင်ငံတကာက အစ္စရေးကို ဖိအားပေးသင့်တယ်လို့ ဟားမတ်က တိုက်တွန်းထားပါတယ်။

ဂါဇာစစ်ပွဲအရေးနဲ့ပတ်သက်ပြီး လာမယ့် တနင်္ဂလာနေ့ အီဂျစ်နိုင်ငံမှာ ဆွေးနွေးပွဲပြုလုပ်မှာ ဖြစ်ပါတယ်။ 

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024