
မက္ကဆီကိုရေတပ်ဟာ အောက်တိုဘာ ၁ ရက်က ကပ်ပီရာဒူရန်ဂိုအနီးရှိ မက်သာဖက်တမင်း ထုတ်လုပ်ဖို့ သုံးတဲ့နေရာလို့ ယူဆရတဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းနေရာကို ရောက်ရှိခဲ့ပြီးတော့ ဓာတ်ခွဲခန်းကို ဖျက်ဆီးရှင်းလင်းခဲ့ကာ အပြီးသတ် ကုန်ချော ၂,၇၅၀ ကီလိုဂရမ်လောက်ကို သိမ်းဆည်းရမိခဲ့ကြောင်း ရေတပ်အတွင်းရေးမှူးရုံးက ထုတ်ပြန်ပါတယ်။
ရေတပ်ဖွဲ့ဝင်တွေက စက်ရုံကို စစ်ဆေးနေရင်း ဓာတ်ငွေ့ကန်တွေ၊ ဓာတ်ပေါင်းဖိုတွေ၊ စည်တွေနဲ့ ပလတ်စတစ်အိတ်တွေက နေရာအနှံ့မှာ ပြန့်ကျဲနေတာကို ပြသခဲ့ပါတယ်။
တပ်ဖွဲ့ဟာ ဓာတုပစ္စည်းမျိုးစုံကို အစွမ်းမဲ့အောင် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အဲဒီထဲမှာ စိတ်ကြွမူးယစ်ဆေးဝါးတွေ ထုတ်လုပ်ရာမှာ သုံးတဲ့ မီသိုင်းလ် ဖော်မာမိုဒ်၊ မက်သနော၊ အက်ဆီတုန်း၊ ဘန်ဇိုင်းလ် ဆိုင်ယာနိုက်၊ တောလ်ယူအင်းန်၊ အက်ဆီတစ် အက်ဆစ်၊ ကော့စ်တစ်ဆိုဒါ၊ ဆိုဒီယမ် ဆိုင်ယာနိုက်တွေအပြင် အလူမီနီယံ အလိပ်တွေ စသဖြင့် ပမာဏ အများအပြားကို တွေ့ရှိခဲ့ကြောင်း စာစောင်မှာ ဖော်ပြထားပါတယ်။
ဒီစစ်ဆင်ရေးဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေရဲ့ ဒေါ်လာ ၁၅ ဒသမ ၁ သန်းလောက် စီးပွားရေး ထိခိုက်မှု ဖြစ်စေလိမ့်မယ်လို့ ရေတပ်က ခန့်မှန်းထားပါတယ်။
Source: Reuters