Home
နိုင်ငံတကာ
ဟားဗတ်တက္ကသိုလ်နှင့် ဒေါ်လာသန်း ၅၀၀ ပေးရန် သဘောတူညီချက်ရဟု ထရမ့်ပ် ပြော
DVB
·
October 1, 2025
Photo: REUTERS/Kevin Lamarque/Shannon Stapleton

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့အစိုးရနဲ့ ဟားဗတ်တက္ကသိုလ်တို့ ဒေါ်လာ သန်း ၅၀၀ ပေးချေဖို့ သဘောတူညီချက် ရပြီဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဟားဗတ်တက္ကသိုလ်နဲ့ ထရမ့်ပ် အစိုးရအဖွဲ့တို့ လပေါင်းများစွာ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် အခုလို သဘောတူညီချက် ရခဲ့တာပါ။

“လင်ဒါက အသေးစိတ်ပြင်မှုတွေကို လက်စသတ်နေပါတယ်။ သူတို့က ဒေါ်လာ သန်း ၅၀၀ ပေးရမှာဖြစ်ပြီး အသက်မွေးဝမ်းကျောင်းတွေ လုပ်ရမှာပါ။ AI၊ အင်ဂျင်နဲ့ တခြားဘာသာရပ်တွေ သင်ကြားပေးရမှာပါ” လို့ ထရမ့်ပ်က ပြောပါတယ်။

ထရမ့်ပ်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ဟားဗတ်တက္ကသိုလ်က ချက်ချင်းမှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ ကျောင်းတွေ၊ တက္ကသိုလ်နဲ့ ကောလိပ်တွေကို ပါလက်စတိုင်းအရေး လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဖက်ဒရယ်ရန်ပုံငွေ မပေးဘူးလို့ ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။

ဂါဇာစစ်ပွဲမှာ အမေရိကန်က အစ္စရေးကို ထောက်ခံမှုကြောင့် ပါလက်စတိုင်းအရေး လှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ရာသီဥတု‌ပြောင်းလဲမှု လှုံ့ဆော်ရေးတွေ၊ ထရမ်စ်ဂျန်ဒါမူဝါဒတွေ၊ ကွဲပြားမှု၊ တန်းတူညီမှုနဲ့ ပူးပေါင်ပါဝင်မှု စတဲ့ လှုပ်ရှားမှုတွေမှာလည်း ထရမ့်ပ်အစိုးရနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

တက္ကသိုလ်တွေကို စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ ထရမ့်ပ်အစိုးရရဲ့ ဆောင်ရွက်မှုဟာ လွတ်လပ်စွာ ပြောဆိုမှု၊ တက္ကသိုလ်တွေရဲ့ အတွင်းနဲ့ ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်အပေါ် စိုးရိမ်စရာ ရှိလာပြီလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013