Homeသတင်းဓာတ်ပုံ
ချောင်းဦးတွင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်လှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံ)
ချောင်းဦးတွင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်လှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံ)
DVB
·
October 1, 2025
ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီ၊ ချောင်းဦးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ရဲဘော်ဇွဲလေးက “အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်။ သူတို့အတွက် ထွက်ပေါက်သာ ဖြစ်တယ်။ လူထုအနေနဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်” လို့ ပြောပါတယ်။