Home
နိုင်ငံတကာ
အစ္စရေးစစ်တပ်ပိတ်ဆို့ထားသဖြင့် ဂါဇာမြို့တော်ရှိ MSF လုပ်ငန်းများရပ်ထားရ
DVB
·
September 27, 2025
Photo :Reuters

အစ္စရေးတပ်တွေဟာ သူတို့ရဲ့ဆေးခန်းတွေကို ဝိုင်းရံပိတ်ဆို့ထားတာကြောင့်  နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) အနေနဲ့ ဘာမှရွေးချယ်လို့မရဘဲ ဂါဇာမြို့တော်က လုပ်ငန်းတွေကိုရပ်နားထားရတယ်လို့ စက်တင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။

MSF အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားရပြီး ဂါဇာမြို့တော်ကနေ ထွက်ခွာဖို့လည်း တွန်းအားပေးခံရတယ်လို့လည်း ဂါဇာကမ်းမြောင်ကို အစ္စရေးက ထိုးစစ်ဆင်နေချိန်မှာ ကြေညာချက် ထွက်လာတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဆိုအရ ဂါဇာမြို့တော်ရှိ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၄ ခုကို အခုလအတွင်း ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး ကုလသမဂ္ဂကတော့ အာဟာရချို့တဲ့တဲ့ စင်တာတချို့ကိုလည်း ပိတ်ထားတယ်လို့ ပြောပါတယ်။

ဂါဇာတောင်ပိုင်းရှိ ဆေးရုံတွေဟာ ထွက်ပြေးလာတဲ့ နောက်ထပ်လူနာတွေကို လက်မခံနိုင်တော့ပါဘူး။

အစ္စရေးဟာ အခုလအတွင်း သူ့ရဲ့မြေပြင်ထိုးစစ်ကို အရှိန်မမြှင့်ခင်မှာ အငတ်ဘေးဒဏ်ခံနေရတဲ့ ဂါဇာမြောက်ပိုင်းကို ဝင်လို့ရတဲ့ အရေးပါတဲ့စင်္ကြံကို ပိတ်ချခဲ့ပြီး နောက်ပိုင်း လူထုကို စားနပ်ရိက္ခာထောက်ပံ့ပေးတဲ့အစီအစဉ်နဲ့ ကျန်းမာရေးဆေးပေးခန်းတွေကို ပိတ်ထားရပြီး အရေးကြီးတဲ့ အစားအစာ စီးဆင်းမှုတွေလည်း နှေးကွေးသွားကြောင်း ဒေသခံတွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေက ပြောပါတယ်။ 

စက်တင်ဘာ ၂၅ ရက်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းနယ်မြေမှာ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ် ဦးဆောင်တဲ့ စစ်သွေးကြွတွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအပြီးမှာ စတင်ခဲ့တဲ့ အစ္စရေးရဲ့ ၂ နှစ်နီးပါးကြာ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း ကယ်ဆယ်ရေးလုပ်သား ၅၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ နောက်ဆုံး အချက်အလက်တွေ အရ သိရပါတယ်။

လက်ရှိအချိန်အထိ အစ္စရေးရဲ့ စစ်ရေးတုံ့ပြန်မှုကြောင့် ဂါဇာမှာ လူပေါင်း ၆၅,၀၀၀ ကျော်  သေဆုံးခဲ့ပြီး နယ်မြေအများအပြား အပျက်အစီးတွေ ဖြစ်ကျန်ရစ်ခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ အကူအညီပေးရေးလုပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတာကို အကြိမ်ကြိမ် ငြင်းဆိုထားပြီး သူတို့ဟာ ဟားမတ်စ် စစ်သွေးကြွတွေနဲ့ နယ်မြေအတွင်းရှိ အခြေခံ အဆောက်အအုံတွေကိုသာ ပစ်မှတ်ထားတာ လို့ ပြောဆိုထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013