
ဂါဇာကမ်းမြောင်ဒေသမှာ လူလုပ်အငတ်ဘေးကြောင့် သေဆုံးသူဦးရေ ၄၄၁ ယောက်အထိ မြင့်တက်လာတဲ့အပြင် အရုဏ်တက်ချိန်ကစပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေက ဂါဇာတခွင် မြေပြင်ထိုးစစ်ဆင်နွှဲခဲ့လို့ လူ ၄၃ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အယ်လ်ဂျားဇီးယား သတင်းဌာနက အစီရင်ခံပါတယ်။
အစ္စရေးက ဂါဇာမှာ ၂ နှစ်အတွင်း စစ်ပွဲတွေထဲမှာ အပြင်းထန်ဆုံးထိုးစစ်ဆင်နေပြီး နယ်မြေရဲ့ အကြီးဆုံးမြို့လယ်ခေါင်ကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတာလို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး အယ်လ်ဂျားဇီးယားက အစီရင်ခံပါတယ်။
အစ္စရေးစစ်တပ်က ဂါဇာမြို့နဲ့ပိုကျယ်တဲ့ ဂါဇာကမ်းမြောင်ကို ဆက်ထိုးစစ်ဆင်နေတဲ့ စစ်ဆင်ရေးလို့ ပြောထားတဲ့ရုပ်သံကို အစ္စရေးစစ်တပ်က စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
တည်နေရာနဲ့ ဗီဒီယို ရိုက်ကူးတဲ့ရက်စွဲကို သီးခြားအတည်မပြုနိုင်ပါဘူး။
အစ္စရေးဟာ ပါလက်စတိုင်း အယောက် ၆၀ ထက်မနည်း သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း မြေအောက်ဥမင်လမ်းကြောင်းတွေနဲ့ အဆောက်အဦတွေကို ဖျက်ဆီးခဲ့တယ်လို့ ဂါဇာက ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ဂါဇာမြို့က အထပ်မြင့်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး မြေပြင်ချေမှုန်းရေးနဲ့အတူ အစ္စရေးရဲ့ ပြင်းထန်တဲ့စစ်ဆင်ရေးက အခုသီတင်းပတ်မှာ စတင်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်အတွက် အာရပ်ဘာသာစကားပြောရေးဆိုခွင့်ရှိသူ အာဗစ်ချေ အဒ္ဒရီက ဂါဇာမြို့မှာ မကြုံစဖူး အင်အားတွေကို တပ်ဖြန့်ချထားမယ်လို့ သောကြာနေ့မှာသတိပေးခဲ့ပြီး အခွင့်အရေး အရယူတဲ့အနေနဲ့ အယ်လ် ရာရှိဒ် ကမ်းရိုးတန်းလမ်းပေါ်ကနေ တောင်ဘက်ဆီရွှေ့နေတဲ့ လူထောင်သောင်းချီနဲ့အတူ ပူးပေါင်းဖို့ ပြောခဲ့ပါတယ်။
အစ္စရေးရဲ့ စစ်ဆင်ရေးစတဲ့ ဩဂုတ်လတည်းက လူပေါင်း ၄ သိန်းခွဲလောက် ဂါဇာကမ်းမြောင်ဒေသကနေ ထွက်ပြေးသွားပြီလို့ ဂါဇာက ပါလက်စတိုင်းအရပ်ဘက်ကာကွယ်ရေး ဌာနက ပြောပါတယ်။
အဲဒီအချိန်က ဂါဇာမြို့မှာ လူ ၁ သန်းလောက် နေထိုင်ခဲ့တာပါ။
“လက်ရှိစစ်တပ်ရဲ့ စစ်ဆင်ရေးက ရပ်ကွက်တွေအားလုံးကို လုံးဝဖျက်ဆီးနေပြီး ပစ်မှတ်ထားတဲ့ အိမ်တွေရဲ့ အပျက်အစီးတွေအောက်မှာ အထူးသဖြင့် တယ်လ် အယ်လ် ဟာဝါ ရပ်ကွက်ထဲမှာ ပိတ်မိနေတဲ့ မိသားစုတွေ ရှိနေသေးတယ်” လို့ ဂါဇာအလယ်ပိုင်းက နူဆေးရတ်ဒေသကနေ အစီရင်ခံတင်ပြတဲ့ အဘူ အက်ဇွန်က ပြောပါတယ်။
Source: Reuters