Home
နိုင်ငံတကာ
TikTok ကို ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးသတ်မှတ်ပြီး ရောင်းချရန် အသင့်ရှိကြောင်းအမိန့် ထရမ့်ပ် လက်မှတ်ထိုး
DVB
·
September 27, 2025
Photo :Reuters

တရုတ်ပိုင် TikTok ကို အမေရိကန်ဆီရောင်းဖို့ အသင့်ရှိကြောင်းနဲ့ ဒေါ်လာ ၁၄ ဘီလီယံနဲ့ ရောင်းချဖို့ တန်ဖိုးသတ်မှတ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဥပဒေလို အာဏာတည်တဲ့ အမိန့်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေကလည်း ၂၀၂၄ ဥပဒေရဲ့ နိုင်ငံလုံခြုံရေးအတွက် လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။

TikTok ကို သုံးသပ်သူတွေက တန်ဖိုးဖြတ်ပြီးတဲ့နောက်မှာ ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးသတ်မှတ်ခဲ့တယ်လို့ ဒုသမ္မတ ဂျေဒီ ဗန့်စ်က ပြောပါတယ်။

ဒီအမိန့်ထုတ်ပြန်ချက်မှာ TikTok ကို အမေရိကန်က ပိုင်ဆိုင်ခွင့်ပါဝင်ပေမဲ့ အသေးစိတ် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

“အမေရိကန်နိုင်ငံသားတွေရဲ့ ဒေတာအချက်အလက်တွေကို ဥပဒေအရ ကျနော်တို့ ကာကွယ်ဖို့ ဆန္ဒရှိပါတယ်။ တရုတ်ဘက်ကလည်း TikTok ကို ရောင်းချဖို့ ကန့်ကွက်မှုတချို့ ရှိပါတယ်။ ဒါပေမဲ့ TikTok ကို ကျနော်တို့ ထိန်းချုပ်ခွင့်ရအောင် ဆောင်ရွက်သွားမှာပါ” လို့ ဗန့်စ်က ပြောပါတယ်။

ထရမ့်ပ်ရဲ့အမိန့်ထဲမှာ လုပ်ထုံးလုပ်နည်းတွေ ပြန်လေ့လာဖို့နဲ့ အမေရိကန်ကုမ္ပဏီရဲ့ လုံခြုံရေးစီးပွားဘက်တွေက စောင့်ကြည့်မှုတွေ ပြုလုပ်မှာလို့ ဖော်ပြပါတယ်။

လုပ်ထုံးလုပ်နည်းအတိုင်း ဝယ်ယူမှုက ပူးတွဲ ဆောင်ရွက်မှုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာဖြစ်ပါတယ်။

“သမ္မတရှီနဲ့ ကျနော် စကားပြောခဲ့ပါတယ်။ ကျနော်တို့ ဘာလုပ်နေလဲ ဆိုတာလဲ ပြောပြခဲ့ပါတယ်။ သူက ဆက်လုပ်ပါလို့ ပြောပါတယ်” လို့ ထရမ့်ပ်က TikTok ဝယ်ယူရေးကိစ္စ တရုတ်သမ္မတရဲ့ အတည်ပြုချက် ရပြီဆိုတာ ပြောပြခဲ့ပါတယ်။

ထရမ့်ပ်ရဲ့လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး TikTok က မှတ်ချက် ချက်ချင်းပေးတာမျိုး မရှိသေးသလို တရုတ်သံရုံးကလည်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

TikTok ဟာ အမေရိကန်မှာ သုံးစွဲသူ သန်း ၁၇၀ ရှိပြီး ထရမ့်ပ် သမ္မတအဖြစ် ထပ်အရွေးခံရဖို့ ပြီးခဲ့တဲ့နှစ်က အကူအညီဖြစ်ခဲ့ပါတယ်။

ထရမ့်ပ်ဟာ TikTok မှာ follower ၁၅ သန်းရှိသလို အိမ်ဖြူတော်ကလည်း ပြီးခဲ့တဲ့လက TikTok အကောင့် စဖွင့်ခဲ့တာ တွေ့ရပါတယ်။

TikTok ကို ဝယ်ယူမယ့်အစီအစဉ်မှာ ကမ္ဘာ့အဆင့် ရင်းနှီးမြှုပ်နှံသူ ၄ ယောက် ဒါမှမဟုတ် ၅ ယောက်က စုပေါင်းဝယ်ယူဖို့ ဖြစ်လာနိုင်တယ်လို့ အမေရိကန်သတင်းဌာနတွေက ဖော်ပြပါတယ်။

မိခင်ကုမ္ပဏီ ဘိုင်ဒန့်ဟာ ဝန်ထမ်းသစ်တွေ ရှယ်ယာပြန်ဝယ်ယူတဲ့ အစီအစဉ်ကြောင့် TikTok ရဲ့ တန်ဖိုးကို ဒေါ်လာ ဘီလီယံ ၃၃၀ ကျော် သတ်မှတ်ထားပါတယ်။

TikTok ဟာ ဘိုင်ဒန့်ကုမ္ပဏီ ဝင်ငွေအတွက် သေးငယ်တဲ့ရာခိုင်နှုန်းတခုအဖြစ် အားဖြည့်ပေးနေတာ ဖြစ်ပါတယ်။

TikTok ဝယ်ယူမယ့် အဖွဲ့ထဲမှာ အော်ရီကယ်တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံး သူဌေးတယောက်ဖြစ်တဲ့ လယ်ရီအယ်လီဆန်လည်း ပါဝင်ဖွယ်ရှိပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013